ဒေါက်တာဂျက်လိုက်ဒါ၏ အာရှသမိုင်းစာအတွဲစဉ် အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အောက်စဖို့ဒ် တက္ကသိုလ်သို့ ပေးစာ

မည်သူမဆို လက်မှတ်ရေးထိုးရန် လင့်ခ် -- http://chn.ge/2EfJ7NV

--

ဒေါက်တာဂျက်လိုက်ဒါနှင့် အောက်စဖို့ဒ်တက္ကသိုလ် စာပုံနှိပ်ထုတ်ဝေရေး (OUP) ၏ အာရှသမိုင်းစာ အတွဲစဉ် အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသို့ ပေးစာ။

ဖေဖော်ဝါရီလ (၅) ရက်၊ ၂၀၁၈

OUP စွယ်စုံကျမ်း သုတေသန၏ အာရှသမိုင်းစာ အတွဲစဉ်မှ လာမည့်အတွဲဖြစ်သော The ORE of Asia History တွင် ရိုဟင်ဂျာလူမျိုးစုများအကြောင်း အညွှန်းဆောင်းပါးကို ပြုစုရန် ဒေါက်တာ ဂျက်လိုက်ဒါအား တာဝန်ပေးအပ်ကြောင်း ကြားသိရသည့်အတွက် အောက်ပါလက်မှတ်ထိုးထားသော တတ်သိပညာရှင်များ၊ လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်သူများပါဝင်သည့် ကျွနု်ပ်တို့ ပညာရှင်များအုပ်စုမှ အထူးပင် စိတ်အနှောက်အယှက်ဖြစ်ရပါသည်။ ဒေါက်တာ ဂျက်လိုက်ဒါသည် ဘန်ကောက်အခြေစိုက် Ecole Francaise de l' Extreme-Orient (EFEO) အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နေပြည်တော်ရှိ မြန်မာ့တပ်မတော် စစ်သမိုင်းပြတိုက်၏ ထင်ရှားသော အကြံပေးတဦးဖြစ်သည်။ (လင့်ခ်ကို ရှု - http://asianhistory.oxfordre.com/page/forthcoming/).

လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်းပင် တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေများအောက်ရှိ ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ယုံကြည်လောက်ဖွယ် စွပ်စွဲခံနေရခြင်း ဖြစ်သည်။ ထိုရာဇဝတ်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအပြင် ရာဇဝတ်မှုအပေါင်းတို့၏ သနင်းဟုပင်ဆိုအပ်သော ရိုဟင်ဂျာလူမျိုးစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ပင် ပါဝင်သည်။

လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသည် ၎င်းတို့ ထုတ်ဝေသမျှ အညွှန်းစာတမ်းများနှင့် ပတ်သက်သောနယ်ပယ်များတွင် မျှတမှုနှင့် ယုံကြည်ထိုက်သည့် သြဇာတက္ကိရှိကြောင်း ဂုဏ်သတင်းအရှိန်အစော်ရှိသည်။ OUP online မှထုတ်ဝေလိုက်သော ရိုဟင်ဂျာနှင့်ပတ်သက်သမျှကို ပညာရှင်အသိုင်းအဝိုင်းကရော၊ သာမန်ပြည်သူလူထုကပါ အထူးအလည် ယုံကြည်ကိုးစားစရာအဖြစ် မှတ်ယူကြပေလိမ့်မည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အကြီးများဆုံး နိုင်ငံမဲ့ဦးရေဖြစ်နေသည့် လူမျိုးစုကြီးတခုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုအမျိုးအမည်ကို နာမည်သတ်မှတ်ရန် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုတွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုလူမျိုးစု၏ လူမျိုးစုကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် သမိုင်းကြောင်းဆိုင်ရာတည်ရှိမှုကို မြန်မာပြည်တွင် တရားဝင်အရလည်းကောင်း၊ လူကြိုက်များသည့်နည်းလမ်းဖြင့်လည်းကောင်း ဖျောက်ဖျက်နေခြင်းကို ခံနေရသည်။

သို့ဖြစ်၍ အောက်စဖို့ဒ် စွယ်စုံကျမ်းသုတေသန၏ အာရှသမိုင်းအတွက် အညွှန်းဆောင်းပါးအတွက် ဒေါက်တာ ဂျက်လိုက်ဒါကို ရွေးချယ်မှုအပေါ် အချက်အလက်မြောက်များစွာအပေါ်အခြေခံလျက် ကျွနု်ပ်တို့၏ စိုးရိမ်ပူပန်မှုကို လူကြီးမင်းတို့ အာရုံစိုက်မိစေရန် တင်ပြအပ်ပါသည်။

(၁) ရိုဟင်ဂျာများနှင့်ဖြစ်စေ၊ သူတို့၏သမိုင်းကြောင်းနှင့်ဖြစ်စေ ပတ်သက်၍ စာနယ်ဇင်းနှင့် အင်တာဗျူးများ၊ ဟောပြောပွဲများ၊ ရေးသားထုတ်ဝေသော ဆောင်းပါးများတွင် ဒေါက်တာလိုက်ဒါ ဆွဲကိုင်ထားသည့် ရပ်တည်ချက်များသည် သူ၏ ဦးတည်ချက်အပေါ် အလေးအနက် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ကျွနု်ပ်တို့ တွေ့ရှိရသည်။ မြန်မာစစ်တပ်မှ ညွှန်ကြားသည့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှုများ နှင့် မြေလှန်မီးရှို့စစ်ဆင်ရေးများကို ဒေါက်တာလိုက်ဒါ၏ စနစ်တကျမှတ်တမ်းတင်ထားသော ငြင်းဆန်မှုပုံစံများမှာ ကြီးထွားလာနေသော တရားဥပဒေကြောင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသနအစီရင်ခံများ၏ စိန်ခေါ်ခြင်းကို ခံနေရသည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများကို အုပ်စုတခုအဖြစ်သတ်မှတ်ကာ ခွဲခြားစီရင် ဖိနှိပ်နေမှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုတည်းဟူသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအဆင့်အထိပင် ရောက်ရှိနေကြောင်း အဆိုပါ အစီရင်ခံစာများက ညွှန်းပြနေသည်။
(၂) ရိုဟင်ဂျာများအပေါ် ချမှတ်ထားသော မူဝါဒများကို ခွင့်လွှတ်လက်ခံထားသည့် စစ်တပ်နှင့် အစိုးရအရာရှိများအတူ ဒေါက်တာလိုက်ဒါကို ရုပ်မြင်သံကြားပေါ်တွင် အတူယှဉ်တွဲ၍ မြင်ရခြင်းများသည် ကြည့်ရှုနေသော ပရိတ်သတ်အား ရိုဟင်ဂျာ ခြောက်သိန်းခွဲကို မောင်းထုတ်ခဲ့ရသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း၊ စစ်တပ်က ဝန်ခံထားသော ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း ထပ်လောင်းအတည်ပြုပေးနေသည့်အသွင် ဆောင်နေပါသည်။ ရိုဟင်ဂျာများအပေါ်ကျူးလွန်မှုကို ကုလသမဂ္ဂက လူမျိုးတုန်းအပျောက်ရှင်းလင်းသတ်ဖြတ်မှု (ethnic cleansing) ဟု ဖော်ပြသည်။ ထိုကျူးလွန်မှုစတင်ပြီး တလအကြာတွင် မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ ဝါဒဖြန့်လက်တံတခုဖြစ်သော မြဝတီသတင်းအုပ်စုက "ရခိုင်အရေး ဆွေးနွေးအဖြေရှာ" ဆိုသည့် စကားဝိုင်းတခု ကြီးမှူးပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဒေါက်တာလိုက်ဒါ တဦးတည်းသာ နိုင်ငံခြားသားပညာရှင်ဖြစ်နေခြင်း ဓါတ်ပုံများ၊ စာအထောက်အထားသက်သေသည် အထက်တွင်ဆိုခဲ့သော မေးခွန်းထုတ်ဖွယ်ရာများကို မီးမောင်းထိုးပြနေပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပသည့် ဖိတ်ကြားခံရသူများသာစာတန်းပါ အထက်တွင်ဆိုခဲ့သော ရခိုင်အရေးဆွေးနွေးပွဲတွင် ဒေါက်တာ ဂျက်လိုက်ဒါကို သန်းအေး နှင့် ကိုကိုလှိုင်အမည်ရှိ အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနှစ်ဦးနှင့်အတူ စင်မြင့်ပေါ်တွင် ထိုင်လျက်သား တွေ့မြင်ခဲ့ကြရသည်။ (သန်းအေးမှာ စစ်ဗျူဟာဆိုင်ရာတပ်ဖွဲ့အကြီးအကဲဟောင်းဖြစ်ပြီး ကိုကိုလှိုင်မှာ ဗိုလ်ချုပ်ကြီးဟောင်းနှင့်သမ္မတဟောင်းသိန်းစိန် (၂၀၁၀ - ၂၀၁၅)၏ အကြံပေး ဖြစ်သည်။)

ရိုဟင်ဂျာများအပေါ်တွင် အရေးယူပြုမူခဲ့ခြင်းအပေါ် ၁၉၉၄ ခုနှစ်မှ စ၍ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ၆ ဆက်တိုင်တိုင်ကလည်းကောင်း၊ AI ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ဦးဆောင်စောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်းကောင်း ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ အထက်တွင် ဆိုခဲ့သော စာအုပ်ကို မိတ်ဆက်ရာတွင် မြန်မာအစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာများအပေါ် ပြုမူဆောင်ရွက်မှုများကို တရားဝင်သောဆောင်ရွက်မှုများအဖြစ် ဖော်ပြထားသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ နယ်မြေအင်အားချဲ့ထွင်လိုမှု၊ ကမ္ဘာကို ကြီးစိုးရန်ကြိုးပမ်းမှုမှ မြန်မာစစ်တပ်က တိုင်းပြည်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြစ်သည်။ ( စာမျက်နှာ ၄ - "ရခိုင်အရေးစကားဝိုင်း" ကာကွယ်ရေးဝန်ကြီးဌာန၊ မြဝတီသတင်းအုပ်စု)

အဆိုပါ ဗျူဟာမြောက်ဆွေးနွေးပွဲများတွင် ဒု-ဗိုလ်မှူးကြီး (ငြိမ်း) ကိုကိုလှိုင်က အောက်စဖို့ဒ် တက္ကသိုလ်ကို အထူးသြဇာတိက္ကမရှိသောဌာနကြီးအဖြစ် ရွေးချယ်ထုတ်နှုတ်တင်ပြသွားသည်။ အောက်စဖို့ဒ်တက္ကသိုလ်သည် ရိုဟင်ဂျာသမိုင်းကြောင်း၊ ကိုယ်ပိုင်အမှတ်အသားနှင့် ကိုယ်စားပြုမှု စသည့် ဗဟုသုတများကို ဆွေးနွေးရန်၊ ဖြန့်ကျက်ရန် ရိုဟင်ဂျာများနှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တခုကို လက်ခံကျင်းပဖူးသည်။ ဤနည်းဖြင့် သူသည် အောက်စဖို့ဒ်တက္ကသိုလ်နှင့်အခြားသြဇာရှိသည်ဌာနများကို မြန်မာစစ်တပ်၏ ရိုဟင်ဂျာအမှတ်အသားနှင့်သမိုင်းကို သမိုင်းကြောင်း တရားဝင်ငြင်းဆိုရာ၊ နိုင်ငံတော်က ညွှန်ကြားသည့်အကြမ်းဖက်မှုနှင့်မောင်းထုတ်မှုများကို ငြင်းဆိုရာတို့အတွက် အသုံးချစရာ မဟာဗျူဟာကျသည့် နေရာဌာနများသဖွယ် အဓိပ္ပါယ်ဖော်ဆောင် ပြောကြားသွားသည်။

တက်ရောက်သူအများစုမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများသာဖြစ်သည်။ မြန်မာပြည်မှ မွတ်ဆလင်ဘာသာဝင်အများစုမှာလည်း ခေတ်ဟောင်းဥရောပမှ ဂျူးများကဲ့သို့ပင် လက်ညိုးထိုးအပြစ်ပုံချ ခံနေကြရသည်။ မြန်မာအစိုးရသဘောထားနှင့် လူအများအကြားရေပန်းစားသော "မွတ်စလင်ရွံရှာကြောက်ရွံ့မုန်းတီးခြင်း" ကို ပညာရပ်ဆိုင်ရာနှင့် လူ့အခွင့်အရေးစာတမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ဤဆွေးနွေးပွဲများကို ဒေါက်တာလိုက်ဒါ၏ အိမ်ရှင်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်မှ ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာလူမျိုးအမြောက်အမြားအတွက် တာဝန်မကင်းဖြစ်နေချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းမှုများအရ ငါးနှစ်အောက် ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာအနည်းဆုံး ၆၇၀၀ ခန့် စစ်ဆင်ရေးစတင်သော ပထမလအတွင်း (၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ) သတ်ဖြတ်ခံခဲ့ရသည်။ ဤသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို MSF အဖွဲ့မှ အကန့်အသတ်နှင့်သာ ပြုလုပ်နိုင်ခဲ့သော လေ့လာတွေ့ရှိချက်များအရဖြစ်သည်။ (Source: “Myanmar/Bangladesh: MSF surveys estimate that at least 6,700 Rohingya were killed during the attacks in Myanmar” http://www.msf.org/en/article/myanmarbangladesh-msf-surveys-estimate-least-6700-rohingya-were-killed-during-attacks )

(၃) ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသားကို ဝေဖန်စိစစ်ရာတွင် နိုင်ငံရေးနှင့်လူမျိုးစုပဋိပက္ခကြောင့်ပေါ်ပေါက်လာသော နိုင်ငံရေးကိုယ်ပိုင်အမှတ်အသားအဖြစ် သဘောထားရန် ဒေါက်တာလိုက်ဒါမှ အခိုင်အမာပြောဆိုနေခဲ့သည်။ (ဤလင့်ခ်များတွင် ရှု။ “History Behind Rakhine State Conflict” https://www.irrawaddy.com/from-the-archive/history-behind-rakhine-state-conflict.html, “The Frictions in the Rakhine State Are Less About Islamophobia Than Rohingya-Phobia” https://thewire.in/182611/frictions-rakhine-state-less-islamophobia-rohingya-phobia/ , and “The Truth About Myanmar’s Rohingya Issue” https://thediplomat.com/2016/03/the-truth-about-myanmars-rohingya-issue/ ) ဤသည်မှာ ရိုဟင်ဂျာတို့၏ ပြောကြားချက်ဖြစ်သော ရခိုင်ပြည်တွင်နှစ်ရှည်လများ မှတ်တမ်းမှတ်ရာသမိုင်းကြောင်းနှင့်တကွ အခြေချနေထိုင်လာခဲ့သည်ဆိုသည့် အချက်ကို ဆန့်ကျင်ကာ တဖက်သတ်ဘက်လိုက်သော သူ၏ ရပ်တည်ချက်ကို ဖော်ပြသည်။ မြန်မာစစ်တပ်နှင့်သူ့အကြား သိသာထင်ရှားသော ပတ်သက်မှုများအပြင် ဤသို့ သိသာထင်ရှားသည့် ဘက်လိုက်မှုများကြောင့် ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလိုက်ဒါ၏ သင့်လျော်မှုအပေါ် သံသယများဖြစ်ပေါ်စေသည်။ ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များနှင့် လူသိရှင်ကြားထုတ်ပြန်ချက်များသည် ရိုဟင်ဂျာများကို ဆန့်ကျင်သည့် ဖုံးကွယ်မထားသော တဖက်သတ်ဘက်လိုက်မှုအဖြစ် ကျွနု်ပ်တို့ ရှုမြင်သည်။ ထိုတဖက်သတ်ဘက်လိုက်မှုကြောင့်ပင် ငြင်းဆိုရန်ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သော၊ အလွယ်တကူ လက်လှမ်းမီနိုင်သော သက်သေအထောက်အထားများကို ငြင်းပယ်ခြင်း၊ တမင်ဥပေက္ခာပြုခြင်းများ သူ့တွင် ဖြစ်ပေါ်လာရသည်။ အမှန်တွင် ထိုသက်သေအထောက်အထားများသည် သူကျမ်းပြုစုခဲ့သည့် "ရိုဟင်ဂျာများသည် အခြား တိုင်းရင်းသားအစစ်အမှန်များ၏ ကိုယ်ပိုင်အမှတ်အသားများနှင့်မတူဘဲ ၁၉၅၀ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွတ်စလင်တိုက်ခိုက်ရေးသမားများ (သို့မဟုတ်) မူဂျာဟစ်ဒင်များက ဖန်တီးထုတ်လုပ်လိုက်သော အခေါ်အဝေါ်တခုမျှသာဖြစ်သည်" ဟူသည့်အဆိုကို ချေဖျက်နိုင်သော သက်သက်များသာ ဖြစ်သည်။ ဥပမာအားဖြင့်… "၁၉၆၁ ခုနှစ် ဇူလိုင်လတွင် မူဂျာဟစ်ဒင် ခွဲထွက်ရေးသမားများ လက်နက်ချပြီးနောက် ပြည်ထောင်စုအစိုးရက ရိုဟင်ဂျာများကို ဖွဲ့စည်းပုံပါ ပြည်ထောင်စုတိုင်းရင်းသားအုပ်စုတခုအဖြစ် အသိအမှတ်ပြုခဲ့သည်" ဆိုသည်ကို ဒေါက်တာလိုက်ဒါက ထင်ယောင်ထင်မှားဖြစ်မှုအဖြစ် တံဆိပ်ကပ်ခဲ့သည်။ အမှန်တကယ် ငြင်းဆို၍ မရသောအချက်တခုမှာ… ၁၉၆၄ ခုနှစ်အထိ မြန်မာအစိုးရ၏ မြန်မာဘာသာဖြင့် တရားဝင်ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ -၉ တွင် ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် ထည့်သွင်းထားခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တခုတည်းသော အသံလွှင့်ဌာနဖြစ်သည့် မြန်မာ့အသံမှ ရိုဟင်ဂျာဘာသာစကားကို တိုင်းရင်းသားဘာသာစကားတခုအဖြစ် အခြားတိုင်းရင်းသားအစီအစဉ်များဖြစ်သော ရှမ်း၊ လားဟူ စသည်တို့နှင့်အတူ တပတ်လျှင် သုံးကြိမ်ထုတ်လွှင့်ခဲ့သည်။ ဤသည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေး သုံးနှစ်မြောက်သည့် ၁၉၆၄ ခုနှစ်အထိဖြစ်သည်။

အလွယ်တကူ လက်လှမ်းမီနိုင်သော တရားဝင်မှတ်တမ်းမှတ်ရာများက ရိုဟင်ဂျာလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားအုပ်စုတခုအဖြစ် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည် ဆိုသည့် ရိုဟင်ဂျာများ၏ စုပေါင်းအဆိုကို ထောက်ခံလျက်ရှိသည်။ ဤအချက်များအပေါ်ထောက်ရှုလျက် အောက်ပါအတိုင်း ကောက်ချက်ဆွဲနိုင်သည်။ ရိုဟင်ဂျာတို့၏ တိုင်းရင်းသားကိုယ်ပိုင်အမှတ်အသား၊ သမိုင်းကြောင်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမတိုင်မီကပင် ရှိခဲ့သော ယင်းတို့၏ တည်ရှိမှုကို မြန်မာအစိုးရက စီမံကိန်းချပြီး ဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့သည်ဟူသော ကောက်ချက်ပင်ဖြစ်သည်။ ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသား နှင့် နိုင်ငံသားဖြစ်မှု အထောက်အထားများ၊ အထောက်အထားရင်းမြစ်များကို ဥပေက္ခာပြုရန် ဒေါက်တာလိုက်ဒါ၏ ရွေးချယ်မှုသည် "ရိုဟင်ဂျာများသည် တိုင်းရင်းသားလည်းမဟုတ်၊ နိုင်ငံသားလည်းမဟုတ်" ဟူသည့် မြန်မာတို့၏ ဝါဒမှိုင်းကို ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်။ တချိန်တည်းတွင် ပညာရပ်ဆိုင်ရာ လုပ်ပိုင်ခွင့်အောက်တွင် အမှန်တရားကို ဖုံးကွယ်ရန် အထောက်အကူပေးသလို ဖြစ်နေသည်။

နာဇီအုပ်ချုပ်မှုအောက်တွင် ဂျုးများကို ဂျာမန်များက နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှုများနှင့် မြန်မာပြည်မှ ရိုဟင်ဂျာများအပေါ် နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှု၊ ကိုယ်ပိုင်အမှတ်အသား ဖျက်ဆီးမှုများအကြား ထိတ်လန့်စဖွယ် တူညီမှုများ ရှိနေသည်ကို ကျွနု်ပ်တို့ လေ့လာတွေ့ရှိရသည်။
(၄) ဂျာမဏီကဲ့သို့သော နိုင်ငံများတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း ငြင်းဆန်မှုသည် ရာဇဝတ်မှုမြောက်သည်။ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတော်မှ ဦးဆောင်ပြုလုပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမရှိဟု ငြင်းဆန်ခြင်းသည်လည်း ရာဇဝတ်မှု မြောက်မမြောက် စီရင် ဆုံးဖြတ်နိုင်သော ဥပဒေမျိုးကို ယူကေတွင်လည်းကောင်း နိုင်ငံတကာတွင်လည်းကောင်း မရှိသေးသော်ငြား လည်း ယခုအခါ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများအကြားတွင်လည်းကောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နယ်ပယ်မှ ပညာရှင်များအကြား ဘုံသဘောတူညီမှု ပေါ်ထွက်လာနေပြီ ဖြစ်သည်။ ဤဘုံသဘောတူညီချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာအစိုးရတွင် တာဝန်ရှိသည်ဟူသော သဘောတူညီချက်ပင်ဖြစ်သည်။ ထိုအထင်ကရ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများမှာ The US Holocaust Memorial Museum and Yale University Human Rights Law Clinic, the University of Washington Law School, the Queen Mary University of London International State Crimes Initiative, the Russell-Sartre tribunal, the Permanent People’s Tribunal on Myanmar တို့ ဖြစ်ကြသည်။ ရိုဟင်ဂျာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဆိုသောအချက်ကို ယတိပြတ်ပယ်ချရန် မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဤသို့သော ကမ္ဘာကျော်သုတေသနအဖွဲ့ကြီးများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လူသိရှင်ကြား ထုတ်ပြန်ထားခဲ့သော တွေ့ရှိချက်များကို ဒေါက်တာလိုက်ဒါမှ ပယ်ချခဲ့သည်။ မြန်မာပြည်တွင်းရှိ လူများစုဗုဒ္ဓဘာသာဝင်များ၏ လူမျိုးရေးခွဲခြားမှုသည် အကြမ်းဖက်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း ဒေါက်တာလိုက်ဒါက အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ မြန်မာတို့၏ လူမျိုးရေးခွဲခြားမှုကို "ပြင်းပြသော စိတ်ခံစားမှု" အဖြစ်မျှသာ သူက ကင်ပွန်းတပ်ခဲ့သည်။

ရိုဟင်ဂျာအကြောင်းနှင့်ပတ်သက်၍ဖြစ်စေ၊ မည်သည့်အကြောင်းအရာပေါ်တွင်ဖြစ်စေ မှတ်ချက်ပေးနိုင်သောအခွင့်အရေးသည် အခြားသူများမှာကဲ့သို့ပင် ဒေါက်တာလိုက်ဒါတွင်လည်း အခွင့်အရေးရှိသည်ကို ကျွနု်ပ်တို့ မငြင်းလိုပါ။ သို့ရာတွင် လူမျိုးစုတခု၏ တိုင်းရင်းသားရေးရာ၊ ကိုယ်ပိုင်အမှတ်အသားနှင့်ဆိုင်သော အဆိုပြုချက်များအပေါ်တွင် တစုံတယောက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီဆိုပါက ထိုလူမျိုးစုအကြောင်းကို တရားမျှတစွာနှင့်ဘက်မလိုက်ဘဲ အညွှန်းဆောင်းပါးရေးရန် ထိုသူအားတာဝန်ပေးမှုသည် မမျှတသည့် အသွင်ဆောင်နေပါသည်။ ထိုသို့ ဘက်လိုက်သောအမြင်များကို ထုတ်ဝေရန် ORE သည် သင့်လျော်သော လမ်းကြောင်းမဟုတ်ပါ။ OUP အနေနှင့်လည်း မပတ်သက်သင့်ပါ။

OUP သည် ရိုဟင်ဂျာများအကြောင်းကိုသာ ဆောင်းပါးရေးသားရန် ကော်မရှင်ပေးသည့်ဟန် ရှိနေသည်ကိုလည်း ကျွနု်ပ်တို့ သတိပြုမိပါသည်။ ရခိုင်ဗုဒ္ဓဘာသာအဖွဲ့အစည်းအကြောင်းကိုမူကား ရေးသားရန်ကော်မရှင်ပေးဟန်မတူ။ စင်စစ်တွင်ကား ရခိုင်တို့၏ တိုင်းရင်းသားဖြစ်မှုအဆိုများသည် ရိုဟင်ဂျာများ၏ အဆိုထက် ပိုမိုခိုင်မာမှုရှိသည်ဟု ကျွနု်ပ်တို့ မထင်ပါ။ ထို့ကြောင့် OUP သည် မမှန်းဆနိုင်သော အကြောင်းရင်းခံများကြောင့် မြန်မာစစ်တပ်ဘက်တွင် ရပ်တည်နေသည်ဟု ကောက်ချက်မချမိစေရန်မှာ အလွန်တရာ ခဲယဉ်းလှပါသည်။ ထို့ပြင် ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များ၊ မီဒီယာပေါ်တွင် လူလုံးပြမှုများဖြင့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ငြင်းဆန်နေမှုကို OUP ကလည်း အနည်းဆုံး သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံနေသည့်နှယ် ဖြစ်နေပါသည်။

မြန်မာစစ်တပ်၏ ဖိနှိပ်မှုပစ်မှတ်ဖြစ်သော ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလီဒါအား OUP က တာဝန်ပေးခြင်းအပေါ် ကျွနု်ပ်တို့ ကန့်ကွက်နေခြင်းထက် ပိုမို၍ ပြင်းထန်သော နောက်ဆက်တွဲရလဒ်များကို ဖြစ်ပေါ်စေသည့် တစုံတရာ ရှိသေးသည်ကို ထပ်လောင်းပြောပြလိုပါသည်။ မြန်မာအစိုးရကဲ့သို့သောအစိုးရမျိုးများက ၎င်းတို့နှင့် အမြင်တူသော ပညာရှင်များမှတဆင့် ကမ္ဘာတလွှား သြဇာတိက္ကမရှိသော အနောက်တိုင်းပညာရေးအဖွဲ့အစည်းများကို ၎င်းတို့၏ ဝါဒဖြန့်ကျက်ရာ စင်မြင့်များအဖြစ် အသုံးချခြင်းအား ခံကြမည်လောဟူသော မေးခွန်းပင်ဖြစ်သည်။ ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်ထုတ်ဝေရေး နှင့်တရုတ်ပြည် (သို့မဟုတ်) LSE နှင့် ကဒါဖီအစိုးရ စသည့် ဟိုးလေးတကြော် အဖြစ်များကို သတိရစရာ ဖြစ်စေပါသည်။

ဤနေရာတွင် "ဂျူးကလေးသူငယ် ကယ်ဆယ်ရေး" မှ အသက်ရှင်ကျန်ရစ်သော ဗြိတိန်နိုင်ငံမှ ရုသ်ဘားနတ် ၏ စကားများကို ကိုးကားရန် သင့်လျော်လှသည်။

"ကျွနု်ပ်တို့သက်တမ်းအတွင်းမှာ 'Never again" (နောင်ဘယ်တော့မှ ထပ်မဖြစ်စေရ) ဆိုသည်ကို အောင်မြင်ရရှိစေမည့်ပုံ မပေါ်ပါ။ သို့ရာတွင် တချိန်ချိန်မှာ ဖြစ်မြောက်လာစေရန်အတွက် အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ရန်သည် ကျွနု်ပ်တို့၏ တာဝန်ဖြစ်သည်။ ကျွနု်ပ်တို့အားလုံး ကိုယ်စီကိုယ်ငှ တစုံတရာကို ပြုလုပ်နိုင်သည်။ ကျွနု်ပ်တို့ ကိုယ်တိုင်၏ အကြမ်းဖက်လိုသော တဒင်္ဂမထိန်းချုပ်နိုင်မှုများကို ချွန်းအုပ်နိုင်ရေးအတွက် သင်ယူရန် အထူးလိုအပ်သည်။ သို့မှသာ အခြားသူများ၏ အကြမ်းဖက်မှုကို ပိုဆိုးလာအောင် မီးလောင်ရာ လေပင့်ပေးမည့်အစား စကားဝိုင်းတွင် ပြောဆိုညှိနှိုင်းဆွေးနွေးနိုင်ပေမည်။

"ငြင်းဆိုမှုကို သည်းခံခြင်းနှင့် ငြင်းဆိုမှုကို ဖုံးကွယ်ပေးခြင်းသည် အဆိပ်အတောက် အပြင်းဆုံးသော အချက်တချက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ 'ငြင်းဆိုမှု'သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ရန် အခြားသူများအား တံခါးများကို ဖွင့်ပေးသည်။ အဘယ်ကြောင့်ဆိုသော် အခြားကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားသည်ကို ကျွနု်ပ်တို့ မျက်ဝါးထင်ထင် မြင်ရသောကြောင့်ဖြစ်သည်။ ကျွနု်ပ်တို့တွင် စိတ်အားထက်သန်မှု၊ စူးစမ်းလိုစိတ်ကို လှုံ့ဆော်မှုနှင့် အမှန်တရားကို ဖော်ထုတ်ရန် ရည်သန်မှုတို့ကို လိုအပ်သည်။"

"ကျွနု်ပ်တို့သည် ငြင်းဆိုမှုများစွာ ကြုံတွေ့ခဲ့ရသဖြင့် လူအများစုမှာ သတင်းအမှားများ၊ ဝါဒမှိုင်းများနှင့် အမှန်တရားအကြား ခွဲခြားနိုင်ခြင်း လုံးဝ မရှိတော့ချေ။" (Ruth Barnett, 27 Jan 2018, "I Survived The Holocaust. Merely

Remembering It Is No Longer Good Enough", RightsInfo.org,

https://rightsinfo.org/why-remembering-the-holocaust-isnt-enough/ )

ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါးရေးသားခြင်းအတွက် ဒေါက်တာလိုက်ဒါအား တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သော ပြန်လည်စဉ်းစားရန် OUP အား ကျွနု်ပ်တို့ တိုက်တွန်းပါသည်။ အကယ်၍ ဤဆောင်းပါးများကို ထုတ်ဝေပါကလည်း ရှင်းလင်းပြတ်သားသော ဖြေရှင်းကြေညာချက်တခုကို ထည့်သွင်းဖော်ပြပေးရန် ကျွနု်ပ်တို့ တောင်းဆိုပါသည်။ ထိုဖြေရှင်းကြေညာချက်မှာ ဒေါက်တာလိုက်ဒါသည် လွတ်လပ်သော လေ့လာသုံးသပ်သူတဦး မဟုတ်ကြောင်း၊ ယင်းဆောင်းပါးကိုလည်း ဘက်လိုက်မှု မရှိသော အညွှန်းဆောင်းပါးအဖြစ် မသတ်မှတ်ကြောင်း၊ ဤသည်မှာ ဒေါက်တာလိုက်ဒါ၏ ထင်မြင်ယူဆချက်သက်သက်မျှသာ ဖြစ်ကြောင်း ဖြေရှင်းကြေညာချက်ဖြစ်သည်။ ဤသည်မှာ MSF က မှတ်တမ်းထင်ထားသည့် ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ စစ်ဆင်ရေးစတင်သည့် ပထမ လအတွင်းတွင် ရိုဟင်ဂျာ ၆၇၀၀ ကျော်သေဆုံးမှုနှင့် လပေါင်းများစွာအတွင်း ဒုက္ခသည် ၆၈၀၀၀၀ ထွက်ပြေးခဲ့ကြရသည့် အငြင်းပွားဖွယ် လူမျိုးစုအကြောင်း ဆောင်းပါးဖြစ်နေသောကြောင့်ပင် ဖြစ်သည်၊

လက်မှတ်ထိုးသူများ -

1. Gayatri Chakravorty Spivak, University Professor and a founding member of the Institute for Comparative Literature and Society, Columbia University, USA 

2. Nursyahbani Katjasungkana, National Coordinator of Indonesia Legal Aid Association for Women,            Indonesia 

3. Rainer Schulze, Professor Emeritus of Modern European History, University of Essex, and Founding Editor of the journal “The Holocaust in History and Memory,” UK 

4. Noam Chomsky, American linguist, philosopher and activist (Institute Professor, MIT), USA 

5. Mofidul Hoque, author and activist, Director, Center for the Study of Genocide and Justice, Liberation War Museum, Bangladesh 

6. Tapan Bose, filmmaker, human rights defender, India 

7. Richard Falk, Professor of International Law, Emeritus, Princeton University, USA 

8. Barbara Harrell-Bond, OBE Emerita Professor and Founding Director of The Refugee Studies Centre, University of Oxford 1982–1996, UK 

9. Barbara Harriss-White, Emeritus Professor of Development Studies, Oxford University, Emeritus Fellow of Wolfson College, Oxford, UK 

10. Ritu Dewan, Vice President, Indian Society of Labour Economics; Director Centre for Development Research and Action; Executive Director, Centre for Study of Society and Secularism; President, Indian Association for Women's Studies (2014-17) 

11. Prof. Gregory Stanton, Founding Chairman, Genocide Watch & George Mason University. Arlington, Virginia, USA 

12. Johan Galtung, Founder, Peace Studies 

13. Youk Chhang, Chairman, Genocide Documentation Center of Camboda/The Sleuk Rith Institute, Cambodia 

14. Abdul Malik Mujahid, Chair Emeritus Parliament of the World's Religions 

15. Karen Jungblut, Director of Global Initiatives, USC Shoah Foundation, USA 

16. María do Mar Castro Varela, Professor of Pedagogy and Social Work and activist, Alice Salomon University, Berlin, Germany 

17. C Abrar, Professor of International Relations, University of Dhaka, Bangladesh 

18. John H. Weiss, Associate Professor of History, Cornell University, USA 

19. Khin Mai Aung, Burmese American civil rights lawyer and writer, New York, USA 

20. Maung Zarni, Burmese human rights activist and scholar, Genocide Documentation Center of Cambodia/The Sleuk Rith Institute 

21. Harn Yawnghwe, Executive Director, Associates to Develop Democratic Burma Inc./Euro-Burma Office, Canada 

22. Bilal Raschid, Past President of Burmese Muslim Association 

23. Swagato Sarkar, DPhil (Oxford), Associate Professor, O.P. Jindal Global University, India 

24. Sumeet Mhaskar, DPhil (Oxford), O.P. Jindal Global University, India 

25. Prof. Donesh Mohan, Academic, India 

26. Dr. Peggy Mohan, Author, India 

27. Prof. Ranabir Samaddar, Academic, India 

28. Rita Manchanda, Feminist writer, India 

29. Samsul Islam, Author, India 30. Neelima Sharma, Theatre activist, India 

31. Jawed Naqvi, journalist, India 

32. Seema Mustafa, journalist, India 

33. Ashok Agrwaal, lawyer, India 

34. Dr. Walid Salem, Al Quds University & the Director of The Centre for Democracy and Community Development, East Jerusalem, Palestine 

35. Jun Nishikawa, PhD, professor emeritus, Waseda University, Japan

36. Dr Ravi P Bhatia, an educationist and peace researcher & Retired professor, Delhi University, India 

37. Gill H. boehringer, Honorary Senior Research Fellow, Macquarie University School of Law, Sydney , Australia 

38. Paul Copeland, C M, (Recipient, Order of Canada), Lawyer, Toronto, Canada 

39. U Kyaw Win, Professor Emeritus, Orange Coast College, California, USA 

40. Professor Michael W. Charney, Academic, UK 

41. Dr Amit Upadhyay, Assistant professor, TISS Hyderabad, India 

42. Dr. Nicola Suyin Pocock, United Nations University International Institute of Global Health, Malaysia 

43. Rezaur Rahman Lenin,Academic Activist, Adjuct Faculty, Eastern University Bangladesh & Executive Director, Law Life Culture, Bangladesh 

44. Natalie Brinham, ESRC PhD scholar, Queen Mary University of London School of Law, UK 

45. Niranjan Sahoo, PhD, Senior Fellow, Observer Research Foundation, India 

46. Prof. Dr. Célestin Tagou, Prof. of PS, IR P&D Studies, Dean of the Faculty of Social Sciences and International Relations, Protestant University of Central Africa, Executive Secretariat of the Network of Protestant Universities of Africa

47. Dr. Tilman Evers, Germany 

48. Jørgen Johansen, Deputy Editor of Journal of Resistance Studies, Sweden 

49. Sarah Tobias, philanthropist & activist, Canada 

50. Miki Lanza, Movimento Nonviolento c/o Centro Studi Sereno Regis, Torino, Italy 

51. Oskar Butcher, human rights activist and scholar, Germany 

52. Professor Emeritus George Kent, University of Hawai'i and Deputy Editor, World Nutrition, USA 

53. Sebastian Eck, Galtung-Institut, Switzerland

54. Robert J. Burrowes Ph.D., co-founder 'The People's Charter to Create a Nonviolent World', Australia 

55. Shadi Sadr, Executive Director of Justice for Iran, UK 

56. Tasnim Nazeer, Award-winning journalist and Universal Peace Federation Ambassador for Peace, UK 

57. Emir Ramic, Academic, Ph.D., Chairman of the Institute for Research of Genocide, Canada 

58. Nadeem Haque, P.Eng. - Director of the Institute of Higher Reasoning (IHR), Canada 

59. Diana de la Rúa Eugenio, President of Asociación Respuesta para la Paz -ARP-, member NGO of          OAS, President of International Peace Research Association Foundation -IPRA Foundation, Argentina 

60. Dr. Syeda Hamid, Academic and Author, India 

61. Dr. Siddiq Wahid, Historian and Educationist, India 

62. Dr. Syed Ahmed Haroon, Psychiatrist, Pakistan 

63. Anis Haroon, Poet, Pakistan 

64. Sushil Pyakurel, Adviser to President of Nepal 

65. Porf. Noor Ahmad Baba, Academic, India 

66. Anand Patwardhan, Filmmaker, India 

67. Rodolphe Prom, President, Destination Justice, Cambodia 

68. Doreen Chen, Co-Director, Destination Justice, Cambodia 

69. Syed Zainul Abedin, Painter, Poet, Journalist, Bangladesh 

70. Dr. Navsharan Singh, Researcher and author, India 

71. Leo fernandez, IT Specialist, India 

72. Feroz Medhi, Filmmaker social activist, Canada 

73. John Packer, Associate Professor of Law and Director, Human Rights Research and Education Centre, University of Ottawa, Canada 

74. Fathima, MA Women's Studies Student, Tata Institute of Social Sciences, Mumbai, India 

75. Rana Jawad, University of Bath, UK 

76. Prof. Dr. Sami A. Al-Arian Director and Public Affairs Professor, Center for Islam and Global Affairs İslam ve Küresel İlişkiler Merkezi, Turkey 

77. Penny Green, Professor of Law and Globalisation and Director of the International State Crime Initiative, Queen Mary University of London, UK 

78. Karen Busby, Professor of Law & Director, Centre for Human Rights Research, University of Manitoba 

79. Lyal S. Sunga, Visiting Professor in International Relations and Global Politics, The American University of Rome, Italy 

80. Dr. Christina Szurlej, Assistant Professor, St. Thomas University (Canada) 

81. Matthew Smith, Chief Executive Officer, Fortify Rights

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...