ယောမင်းကြီးမောင်မင်းဇင်လေးရေ -
ဒေါ်အောင်ဆန်းစုကြည်နှင့် ဇာနည်၊ LSE စကားဝိုင်း၊ London School of Economics, ၁၈ ဇွန်လ ၂၀၁၂

ယောမင်းကြီးမောင်မင်းဇင်လေးရေ -

အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင် ဦးမင်းဇင်နဲ့ ဦးအောင်သူငြိမ်း အာဏာသိမ်းမှု ထောက်ခံ" ဆိုတာလေးကို ကိုယ့်ညီက စာမျက်နှာ ၄ မျက်နှာတောင်ရေးပြီး ဖေ့စ်ဘုတ်ပြည်မှာ သစ္စာဆိုတဲ့အထိ ဆပ်ဆပ်ထိ မခံနိုင်ဖြစ်နေတော့ ကိုယ့်ညီတို့ စည်းတွေကျော်နေတာကို ထောက်ပြတာ - အနာပေါ်ဒုတ်ကျ၊ တီကောင်ဆားထိတာလား။ ကိုယ့်ကိုယ်ကို နိုင်ငံရေးပဏ္ဏထိတ၊ ပါရောဟိတ်၊ ဟိတ်ကြီးဟန်ကြီးနဲ့ ဒီမိုကရေစီ မျက်နှာဖုံး မချွတ်ရဲပါလားလို့ စိတ်မကောင်းဖြစ်မိတယ်။

ဒီခေတ်ကြီးက ဗလိနစ္စာ၊ သစ္စာဆို ဘုရားမှာနတ်မှာ ကျမ်းကျိန်တဲ့ခေတ်ကာလကြီး မဟုတ်တော့တာမို့ ကိုယ့်ညီသစ္စာဆိုလည်း ဆိုပေါ့ကွယ်။

ကိုယ့်ညီက ကမ္ဘာကျော်နယူးယောက်တိုင်းမ်သတင်းစာကြီးမှာ နိုင်ငံရေးသိပ္ပံပရောဟိတ်အနေနဲ့ တစ်နိုင်ငံလုံးလုပ်တဲ့ CDM ကို မှိုချိုးမြစ်ချိုး ဗျူဟာလိုသလေ၊ ဆီများသလေ၊ ဆားပေါ့သလေလို့ ဘိုလိုပြောတယ်။

Political scientist Min Zin, who at age 14 joined the 1988 protests, and later went into exile, now works as a Myanmar analyst.

Zin recently told the New York Times that "public pressure alone cannot lead to a real political transition. Without a well-thought-out strategy to achieve concrete goals, sooner or later we will always end up on the side of repression and under some form of military rule."

ရန်ကုန်မှာကျတော့လည်း CDM လုပ်တဲ့ထဲမှာ ယုံယုံကြည်ကြည်ဆန္ဒပြသူတွေကို ပယက်နယက်သွားလုပ်၊ အမြီးလေးနှံ့ပြီး နိုင်ငံရေးအပါးယူပြီး တိုင်းပြည်ကို ဗမာလိုကြေညာလိုက်သေးတယ်။ 

ယိုသူမရှက် မြင်သူရှက် ကိုယ့်ညီရယ်။

ကဗျာဆရာကြီးဦးတင်မိုးနဲ့ ဇာနည် - (၂၀၀၃၊ Maryland)

ကိုယ့်ညီတို့ ထုတ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD နဲ့ "အမေစု" တမတ်ထိုင်ခုံ (၁၂၀) လောက်ဘဲ ရနိုင်တယ်ဆိုတဲ့ လေဖမ်းဒန်းစီး စာတမ်းကို အာဏာသိမ်း မအလ မိစ္စာကောင်ချုပ်ဆီပို့၊ ကိုအောင်သူငြိမ်းကလည်း "အမေစု" ဒီမိုကရေစီအစိုးရက ရခိုင်ပြည်မှာ ရခိုင်အရေးတော်ပုံ ဆန္ဒပြသူ (၇) ယောက်ပစ်သတ်လို့ - "အမေစု" အစိုးရနဲ့ မအလတို့ ရက်စက်ယုတ်မာ အကြမ်းဖက်တာ အတူတူပဲ။ ဒီပုတ်ထဲက ဒီပဲတွေဘဲ - ဆိုတာမျိုးဖေ့စ်ဘုတ်ပေါ်မှာ နသားပါးရ တက်ရေး။ 

ကိုယ်လည်း "အမေစု" က မှားတဲ့ဘက်မှာရှိနေတော့ ကမ္ဘာသိအောင် ဝေဖန်ပြောဆိုခဲ့တယ်။ သို့ပေမဲ့ "အမေစု" က မအလ လို ကြောက်ဖို့ကောင်းတဲ့ လူသတ်ကောင်လို့ ဘယ်တော့မှ မပြောဘူး။

ကိုယ့်ညီတို့နဲ့ မင်းမင်း (ဒေါက်တာမင်းဇော်ဦး) တို့က စာတွေထုတ်ပြီး အာဏာသိမ်းမှု မထောက်ခံကြောင်း လူသိရှင်ကြား ကြေညာတာကို သဘောကျသကွဲ့။ 

မင်းမင်းလေးကတော့ ကမ္ဘာ့ TV သတင်းတွေပေါ်တက်လာပြီး တပ်မတော်က အကြမ်းဖက်တာတွေ မလုပ်ကြောင်း၊ သူ့ခမျာ ဖာဖာတေးတေးလည်းဆိုစကားနဲ့ တက်တွက်ပြီး ပညာရှင်လို၊ ငြိမ်းချမ်းရေး ညှိနှိုင်းဝေးသလို၊ ကြားနေသလို ပြောရှာပါတယ်။

ကိုယ့်ညီကတော့ မင်းမင်းထက်ပိုပြီး ပါးနပ်လူရည်လည်တဲ့သူဆိုတော့ ပေါ်တင်ကြီး မအလ ထောက်ခံတဲ့အလုပ် ဘယ်လုပ်ပါ့မလဲ။ ကိုယ့်ညီတို့ နိုင်ငံရေးမှောင်ရိပ်ခို၊ အခွေးတော်ပါ၊ အခါတော်ပေး သာသာတိုးတိုးလေ "အမေစု" နဲ့ NLD ကို မြောင်းထဲတွန်းနေတာ၊ ရန်ကုန်က နိုင်ငံရေး၊ စီးပွားရေး အသိုင်းအဝိုင်းက အထောက်တော်တွေကို တို့ဘက်ကို သတင်းမျိုးစုံ ထုတ်ပေးနေတာ ကိုယ့်ညီမသိရှာဘူး။

ကိုယ့်ကိုလည်း CDM ထောက်ခံတာ ပြောမိ၊ ရေးမိ၊ Tweet မိလို့ - "ဂွင်ရှာတယ်" လို့လှမ်းဆော်လိုက်သေးတယ်။ "မနာလိုစိတ်" "လက်တုံ့ပြန်လိုစိတ်" တွေနဲ့လူဆိုပြီးကိုယ့်ကိုတောင် အသားလွတ်လှမ်းတွယ်လိုက်သေး။ ကိုယ့်ညီရယ်... ဒေါက်တာဘွဲ့ရ ပါမောက္ခဟောင်းတစ်ဦးက ကိုယ့်ညီလို ဆယ်တန်းတောင်မအောင်တဲ့သူကို မနာလိုဘူးဆိုတော့။

"ဦးမင်းဇင် မအလ အာဏာသိမ်းမှု ထောက်ခံ" လို့ ဖေ့စ်ဘုတ်ပေါ်မှာ လိုရင်းရေးတာလေးကို ပုဂ္ဂိုလ်ရေး၊ လူ့အကျင့်သိက္ခာ၊ စိတ်နေစိတ်ထားထိ၊ ခါးပိုက်အောက်ထိ လှမ်းကန်တာတွေ့လိုက်ရတော့ ကိုယ့်ညီ အနာပေါ် ဒုတ်ကျ ဝေဒနာခံစားရတာ စိတ်မကောင်းဘူးကွယ်။

မပြောတော့ပါဘူးလို့ နေနေတာပါ။ "သူရဲဘောကြောင်တယ်တို့" "ပညာချင်းပြိုင်ရအောင်တဲ့" ထိစိန်ခေါ်တာတို့ ခွာရာတိုင်းတာတွေလုပ်တော့ ကိုယ်ပြုံးမိတယ်။

ကိုယ့်ညီတို့၊ မင်းမင်းတို့ဆိုတာ ကိုယ့်ရဲ့နှုတ်၏စောင့်မခြင်း၊ လက်၏စောင့်မခြင်း ဆိုတဲ့ ကိုယ့်ကျေးဇူးတွေ မကင်းခဲ့တဲ့ တော်လှန်ရေးညီငယ်လေးတွေဘဲကွယ်၊ ကိုယ်မဏ္ဍာပ်တိုင်တက်ပြချင်လို့ မဟုတ်ပါဘူး။

ကိုယ့်ညီ ဇင်းမယ်မှာ သောင်တင်ပြီး အလေလိုက်တဲ့ဘဝကနေ တော်လှန်ရေးညီအစ်ကိုအချင်းချင်း၊ ဒီလူငယ်လေး (၈) လေးလုံးကြောင့် မြန်မာပြည်မှာ ဆယ်တန်းမအောင်ဘဲ ဘဝပျက်နေပါလားဆိုတဲ့ စေတနာနဲ့ စိတ်ထုတ်ပြီး Berkeley တက္ကသိုလ်ကြီးမှာ ဧည့်ပညာရှင်အနေနဲ့ လာလို့ရအောင် ယခု - ဝါရှင်တန်ဒီစီမှာနေတဲ့ မြန်မာစာရေးဆရာမ အစ်မကြီး ဒေါ်စန်းစန်းတင်ကို သူမပါမောက္ခကို အကူအညီတောင်းပြီး ကိုယ့်ညီကို Berkeley ခေါ်ဖို့ မေတ္တာရပ်ခံပေးခဲ့တာ ကိုယ်ပါကွာ။ အဲဒီအစ်မကြီး Facebook ပေါ်မှာ ရှိပါတယ်။ ကိုယ့်ညီ ထပ်မေးချင်တယ်ဆိုရင် San Francisco ရောက်တော့ ကိုယ်ကိုယ်တိုင် လေဆိပ်လာကြိုပေး၊ ကိုယ့်အိမ်မှာ ယာယီတည်းဖို့လုပ်ပေး၊ အစစ ကိုယ်တတ်နိုင်သမျှ ပညာရေး၊ နိုင်ငံရေးကိစ္စအားလုံး ကူညီခဲ့တာ ကိုယ့်ညီ ကျောကိုဖနောင့်နဲ့ပေါက်ရင် အခုထိ အဲဒီကျေးဇူးတွေ အတုံးလိုက် အတစ်လိုက် ပြန်ပြီး ကန်ထွက်လာပါဦးမယ်ကွာ။

နောက် ကိုယ်အဲဒီတုန်းကလုပ်နေတဲ့ တော်လှန်ရေးရဲဘော်တွေ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေမှာ ဘွဲ့လက်မှတ်မပါခဲ့ရင်တောင် ကိုယ့်ထောက်ခံစာတစ်ခုတည်းနဲ့ မဟာတန်းတက်ခွင့်၊ ပညာသင်ဆုကြေးရခဲ့တယ်။ ကိုယ့်ညီကိုလည်း တပ်အားသရွေ့ ကူညီဖို့ ဘုတ်ဒါရိုက်တာ၊ လုပ်ဖော်ကိုင်ဖက်ဆိုပြီး ခေါ်သွင်းခဲ့တာ၊ ကိုယ့်ညီမှတ်မိပါလိမ့်မယ်။

ဒါကိုယ့်ညီက အင်္ဂလိပ်စာကို Yes, No, Good Morning နဲ့ ခွေးအလည်နင်းလောက်သာတတ်တဲ့ ကိုယ့်ညီ၊ ဇင်းမယ်ဘဝက ကျေးဇူးရှိသူတွေ၊ ဗမာပြည်က မိတ်ဆွေတွေကို "ပညာရှင်" တွေဆိုပြီး Berkeley ကိုရောက်ဖို့ ထောက်ခံမှုပေးခေါ်တော့ မောင်ရင် အခွင့်အရေး အလွဲသုံးစားမှုလုပ်လို့ Berkeley တက္ကသိုလ်သက်ဆိုင်ရာ ပါမောက္ခက ကိုယ့်ကိုခေါ်ပြီး မျက်နှာချင်းဆိုင် ပညာရှင်ဆိုပြီး ခေါ်လာတဲ့ ရှင်တို့ ဗမာတွေက ချီးထုပ်တွေဆိုပြီး ပြောပါလေရော။ မျိုးချစ်ဗမာပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်ကတော့ အလွန်ရှက်ပေါ့ကွယ်။ 

ကိုယ့်ညီလည်း မြန်မာဆယ်တန်းတောင်အောင်မလာဘဲ  နောက်ဆုံးမတန်မရာ Ph.D တန်းသွားတက်တော့ အပျက်ပျက်နဲ့ ပညာရေးသွေးထွက်ပြီး တက္ကသိုလ်ကြီးကို ကျောခိုင်းခဲ့ရတာ ကိုယ့်ညီအသိဆုံးပါ။ 

ကိုယ်တို့က ကိုယ်မှန်မှန်ကန်ကန် ကိုယ့်အားကိုးကိုး၊ အိမ်သာတွေဆေး၊ သန့်ရှင်းရေးလုပ်၊ ပန်းကန်ဆေးပြီး တက္ကသိုလ်မှာ စကောလားရှစ်ရတဲ့အခါယူပြီး အောက်သက်ကျေတဲ့ ဘဝကနေ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ ကိုယ့်ပညာနဲ့ကိုယ်ရှာခဲ့တာ။ ၈၈၈၈ ရှစ်လေးလုံး သမိုင်းပြပြီး ဘာအခွင့်အရေး နိုင်ငံရေးဗန်းပြပြီး ဘာဂွင်မှ ရှာခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးကွဲ့။

ဘားမားတူးဒေးနဲ့ ဇာနည် အာတာဗျူး ၂၀၀၅

ဒို့နိုင်ငံက ပြည်သူလူထု မလွတ်လပ်တဲ့ စစ်ကျွန်သဘောက်မှာ ရှိနေသရွေ့၊ ပါမောက္ခရာထူး၊ အလုပ်အဓိကမထားဘဲ အုပ်တစ်ချပ် သဲတစ်ပွင့်ဝင်ထမ်းတာ ပညာရှင်အလုပ် ပါမောက္ခအလုပ်ကိုတောင် ဂွင်လို့ သဘောမထားဘဲ ကိုယ်ကျောခိုင်းထားတယ်။ ဒါက တစ်ကမ္ဘာလုံးအသိပါ။ 

ဇာနည် ဘရူးတက္ကသိုလ်က နုတ်ထွက်စာ

တပ်ကမောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေတို့၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့တောင် ကိုယ့်ကိုမြောက်လို့မရ၊ ခြောက်လို့မရတဲ့ "မဟုတ်မခံ လူဆိုးလေး" ဆိုတာ သိပါတယ်ကွာ။

ဝဲမှယာ ။ ။ ဗိုလ်ချုပ်ကြီးမြထွန်းဦး (အာဏာသိမ်း #၃)၊ ဒေါက်တာဝင်းနိုင် (Ph.D. နဂိုယာ)၊ ဒုသမ္မတဟောင်း၊ ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၊ ဒဂုံရိပ်သာ၊ ၂၀၀၅

ဂွင်မရှာတဲ့ကောင်၊ အမှန်တရားလုပ်တဲ့ကောင်မို့ မြန်မာပြည်နိုင်ငံရေးအခွင့်အရေးရှိတာတောင် တစ်ကိုယ်ကောင်းစိတ်မထားဘဲ အနှစ် (၃၀) ကျော် ကိုယ်မှန်တာပြော၊ မှန်တာပဲ လုပ်တဲ့ကောင်ပါ။

ကိုယ့်ညီ မကျက်တကျက် ပညာတွေနဲ့ ယောဆရာကြီးတစ်ယောက်အနေနဲ့ စိန်ခေါ်တာ ဖတ်ရပါတယ်။ အတန်းတူရင်တော့ "အမေစု" ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က နှုတ်မရွံ့၊ လက်မရွံ့တဲ့ကောင်ပါ။ ကိုယ့်ညီက ဆယ်တန်းမအောင် ဒေါက်တာဘွဲ့လည်းမရ လူဖြစ်မရှိ၊ ယိုသူမရှက် ကိုယ့်ကို စိန်ခေါ်ရက်တယ်ကွာ။

ကိုယ့်ညီတို့ မင်းမင်းတို့ နိုင်ငံရေးသံဝေဂရဖို့ အချိန်တန်ပြီကွာ၊ မင်းမင်းကည်း အာဖဂန်နစ္စတန်မှာ CIA အလုပ်သွားလုပ်ပြီး မွတ်စလင်နဲ့ ရိုဟင်ဂျာမှန်သမျှ အကြမ်းဖက်တွေ Al Qaeda တွေပဲလို့ မျက်မှန်စိမ်းတပ်ပြီး တွန်းနေခဲ့တယ်။ ကိုယ့်သူငယ်ချင်း သွားလေသူ ဒေါက်တာနေဝင်းမောင်ရဲ့ The Voice မှာ အခန်းဆက်ဆောင်းပါးတွေနဲ့ အစောကြီးကတည်းက လူမျိုးတစ်မျိုးလုံး မျက်ရည်ကြီးငယ်ပေါက်ပေါက်ကျ၊ ဒုက္ခရောက်အောင် လုပ်ခဲ့သူကွယ်။ 

ကိုယ့်ညီတို့၊ မင်းမင်းတို့ တော်လှန်ရေးအတူတူလုပ်တုန်းက ဗိုလ်ချုပ်ကြီးတွေကို လုပ်ကြံမယ်ဆိုတာမျိုး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီးတော့ တို့တွေလုပ်ခဲ့ကြသေးတယ်။ မှတ်မိဦးမှာပါ။ အခုတော့ ကိုယ့်ညီတို့ ဘုရားမကြိုက်တဲ့လူတစ်သိုက်က ရန်ကုန်မှာ အခွေးတော်ပါ အခါတော်ပေးများဖြစ်နေတာ စိတ်မကောင်းဘူးကွယ်။ 

ကိုယ့်ညီတို့ ဆက်ပြီးမိုက်လုံးကြီး အသိခေါက်ခက် အဝင်နက်ဖြစ်နေတာတွေရပ်သင့်ပြီလို့ ထင်ပါတယ်။ 

ဒါပေမဲ့ လူဆိုတာတော့ ကျွတ်ချိန်တန်မှကျွတ်တဲ့အမျိုးမို့ ဒီတစ်ခါတော့ ကိုယ်တို့က ခြေနှစ်ချောင်းကယ်တဲ့ ချွတ်တဲ့အလုပ် မလုပ်တော့ပါဘူး။

ဒါပါပဲကွယ်

ဇာနည်

ယောမင်းကြီးမောင်မင်းဇင်လေးရေးတဲ့စာ -


 

Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...
Feb 7, 2018 | Blog
Over 80 academics and activists say they are “disturbed” at plans by...