တရုတ်၏ စကြာဝဋ္ဌာဖြန့်ကျက် ကွန်မြူနစ်ဝါဒ - လွတ်လပ်၍ အစွန်းမရောက်သော ဒီမိုကရေစီဝါဒများအား စိန်ခေါ်မှု

ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ မာတ်စ်ဝါဒတို့ ဆုံစည်းခြင်း

တရုတ်တို့ ရှိနေခြင်းနှင့် လွှမ်းမိုးနိုင်ခြင်းမှာ သူတို့၏ နယ်မြေစည်းဝိုင်းအတွင်း သို့မဟုတ် အရှေ့အာရှအတွင်းမှာသာ မဟုတ်တော့ပဲ ကမ္ဘာ့တဝန်းကျော်လွန်ရောက်ရှိ နေပြီဖြစ်သည်။ MERICS ၏ တရုတ်ကို စောင့်ကြည့်လေ့လာသည့် ရှုထောင့်အမြင်သစ်များတွင် “တရုတ်၏ စကြာင်္ဝဋ္ဌာဖြန့်ကျက် ကွန်မြူနစ်ဝါဒ - လစ်ဘရယ် ဒီမိုကရေစီ (လွတ်လပ်၍ အစွန်းမရောက်သော ဒီမိုကရေစီဝါဒ များအား စိန်ခေါ်မှု)တို့အား စိန်ခေါ်မှု”ကို ဂျာနယ်လစ် တစ်ဖြစ်လဲ MERICS ၏ သုတေသန အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသော Didi Kisten Tatlow မှဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ မာတ်စ်ဝါဒတို့ ဆုံစည်းခြင်းကို ဖေါ်ပြထားပါသည်။ 

တရုတ်တိုးတက်ထွန်းတောက်လာမှုကို သေသေခြာခြာနားလည်နိုင်ဖို့ရာမှာ ထဲထဲဝင်ဝင် စွဲမြဲခိုင်မာနေတဲ့ စွမ်းအား စံသတ်မှတ်ချက်တွေနဲ့ အင်ပါရာနိုင်ငံရေး ပရိယာယ်တွေကို လေ့လာကြည့်ဖို့လိုတယ်လို့ Tatlow က ငြင်းချက်ထုတ်ထားသလို ယင်း စံသတ်မှတ်ချက်များနဲ့ အင်ပါရာနိုင်ငံရေးပရိယာယ်တွေကို တရုတ်ကွန်မြူနစ်ပါတီ (CCP) က စွမ်းအား ပြသနိုင်ဖို့နဲ့ တရားဝင်မှုတည်ဆောက်ဖို့အတွက် ထပ်မံဖေါ်ထုတ်ထားတယ် ဆိုတာကို ဖေါ်ပြထားသည်။ သူ့ရဲ့ စာတမ်းတွင် ခေတ်သစ် CCP ရဲ့ နိုင်ငံရေးသဘောတရားများနဲ့ တရုတ်ဝေါဟာရ tianxia (မိုးကောင်းကင်အောက်)၊ tianchao (မိုးကောင်းကင်အင်ပါရာ)၊ နှင့် Jimi (တိုက်ရိုက်အဓိပ္ပါယ်သဘောအရ မြင်းတွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေကို “ဇက်ကြိုးတတ် နဖားကြိုးထိုးပြီး ကြွေးမွေးတယ်” လို့ပြန်နိုင်ပါသည်) ဆိုတဲ့ စကားလုံး မူရင်းအဓိပ္ပါယ် တွေနဲ့ ဆက်စပ်သက်ဆိုင်မှုတွေကို ခြေရာခံဇစ်မြစ်လိုက်ထားပါသည်။

အဓိကရှာဖွေတွေ့ရှိချက် နှင့် ကောက်ချက်များ

  • ပါတီမှရှေးဟောင်း အင်ပါရာစွမ်းအားစံနှုန်းနဲ့ နိုင်ငံရေးပရိယာယ်တွေကို ပြန်လည်ဆွဲကိုင်ပြီး CCP ရဲ့ခေတ်သစ်စမ်းသပ်မှုအဖြစ် ပြန်လည်လုပ်ဆောင်နေသည်။ ထိုသို့လုပ်ဆောင်နေခြင်းကြောင့် သမိုင်းကြောင်းအင်အားနှင့် တိုးတက်လာသော တရုတ် အဖြစ်ပုံဖေါ်နေသည်။
  • ၎င်းစံနှုန်းသဘောများအရ တရုတ်လွှမ်းမိုးမှုသြဇာသည် နိုင်ငံတွင်း စွမ်းအားလုံခြုံစေရန် သိရှိပြီး နယ်နမိတ်များကို ကျော်လွန်တည်ရှိခဲ့သည်ဟု ဆိုသည်။ ၎င်း လွှမ်းမိုးမှုသြဇာသည် ကမ္ဘာဖြန့်ကျက်မှုခေတ်တွင် ကမ္ဘာတဝှမ်း ပြန့်နှံ့စေရန်လိုအပ်သည်။
  • ဘုရင်များအုပ်စိုးချိန်တွင် ကွန်ဖြူးရှပ်စံနှုန်း ဖြစ်သော tianxia (မိုးကောင်းကင်အောက်)၊ လက်တွေ့အခြေအနေသဘောtianchao (မိုးကောင်းကင်အင်ပါရာ)၊ နှင့် နည်းနိဿယသဘော Jimi (ဇက်ကြိုးတတ် နဖားကြိုးထိုးပြီး ကျွေးမွေးခြင်း) များသည် တရုတ်၏ ကမ္ဘာတွင်း ၎င်းနေရာ သဘောထားအမြင်အဖြစ် ဖေါ်ဆောင်ပေးထားပြီး ဟန် လူမျိုးစု ပိုင်နက်နယ်မြေ အပြင်ဖက်ရှိ “barbarians - အရိုင်းအစိုင်း” များနှင့်ဆက်ဆံမှုကို မည်သို့စီမံအုပ်ချုပ်ခဲ့သည်ကို ဖေါ်ပြသည်။
  • ယဉ်ကျေးမှုအရ သတိထားရသော တရုတ်၏ ပြုမူလုပ်ဆောင်မှု ပုံစံများကို သူတို့ ယနေ့အချိန်အခါတွင် ကမ္ဘာထိဖြန့်ကျက်နေခြင်းလုပ်ရပ်များအား ၎င်းအစီအစဉ် အကြံအစည်မှ ဆက်လက် ပံပိုး အထောက်အကူ ပြုနေပေးလျက်ရှိသည်။ 
  • Xi Jinping မှ ရှေးဟောင်း တရုတ် ထုံးတန်းဓလေ့များကို သစ္စာရှိစွာ အမွေဆက်ခံသူ အဖြစ် သူ့ကိုယ်သူ ပုံဖေါ်လျက်ရှိနေသည်။ 
  • တရုတ်သည် ယဉ်ကျေး၍ အနုပညာမြတ်နိုးပြီး ပညာဗဟုသုတကြွယ်ဝသည်ဟု မိမိကိုယ်ကို ယုံကြည်နေလျက်ရှိပြီး ကမ္ဘာကြီးအားမည်သို့ လည်ပတ်သင့်သည်ကို ပိုပြောပိုင်ခွင့်ရှိနေသင့်သည်ဟုလည်း ယုံကြည်နေသည်။
  • CCP သည် အနောက်တိုင်းတို့ အယူအဆဖြစ်သော ဥဿုံပရမတ် (Universalism) သဘောကို ငြင်းပယ်လျက်ရှိနေပြီး အနောက်တိုင်းသားများ နားလည်ရခက်နေလျက်ရှိသည့် ၎င်းတို့၏ အင်ပါယာနှင့် ပါတီ၏ စံသတ်မှတ်ချက်များပေါ်မူတည်သော ဥဿုံပရမတ်သဘော၏ ဆန့်ကျင်ဘက် သဘောများဖြင့် အစားထိုးလျက်ရှိနေသည်။ ၎င်းတို့တွင် tianxia (မိုးကောင်းကင်အောက်) နှင့် အယူအဆတစ်ခုဖြစ်သော “လူသားတို့၏ ဓနသဟာယ ဘဝကြမ္မာ- commonwealth of human destiny” (人类命运共同体)သဘောတရားတို့ အပါအဝင်ဖြစ်သည်။

၁. နိဒါန်း - စကားလုံးများ အရေးကြီးသည်။ ကမ္ဘာချီ ဖြန့်ကျက်နေသော ရှေးဟောင်းအယူအဆများနှင့် နည်းဗျူဟာများ 

ငြင်းခုံဆွေးနွေးချက် တစ်ခု ကမ္ဘာအနှံ့ပြန့်နှံ့လျက်ရှိသည်။ အကြွင်းမဲ့အာဏာရှင် ဆိုသည်မှာ အချုပ်အချယ်မရှိသော အချက်အလက်များနှင့် လုံခြုံရေးအရင်းအမြစ်များ အတွက်ဖြစ်သည်ဟု လူအချို့မှပြောနေလျက်ရှိနေချိန်တွင် အကြွင်းမဲ့အာဏာရှင် တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြီးမားလှသော စီးပွားရေးတိုးတက်မှုများဖြင့် ပထဝီနိုင်ငံရေးအရှိန်အဟုန်ရလျက်ဖြစ်သည့် အားလျော်စွာ ၎င်းတို့သည် ပွင့်လင်းသောကမ္ဘာ့လူ့အဖွဲ့အစည်း အားမည်ကဲ့သို့ပြောင်းလဲမည်နည်း။

ပြီးခဲ့သောနှစ်၌ သြစကြေးလျား1 အတွင်း အရှိန်အဟုန်ပြင်းပြင်း ပွင့်လင်းလာချိန်မှစ၍ ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းရှိ အတွေးအခေါ်သမားများမှ ပုံမှန်အားဖြင့် နားမလည်နိုင်သော ရံဖန်ရံခါ ယုံရခက်သော စိန်ခေါ်မှုသဘော သဘာဝများအား စကားလုံးဝေါဟာရအသစ်များ ဖန်တီးတည်ထွင်နိုင်ရန် အလုပ်ရှုပ်နေကြပြီး ခိုင်မြဲနေပြီးသောအသုံးအနှုန်းများနှင့် နိုင်းရအဓိပ္ပါယ်များအား လူထုအား ရေပန်းစားကျော်ကြားရန်ရှင်းပြလျက်ရှိနေကြသည်။ အဓိကဝေါဟာရများအနေဖြင့် တရုတ်၏ ဝင်ရောက်စွက်ခြင်း2၊ တစ်ဟုန်ထိုး စွမ်းအား3၊ စည်းလုံးညီညွတ်သော ရှေ့တန်းမျက်နှာစာ4 စသည်တို့ ပါဝင်သည်။

၎င်းတို့ ဆိုလိုရင်းမှာ - CCP နဲ့ တရုတ်နိုင်ငံ၏ သြဇာပြုလွှမ်းမိုးနိုင်ရန် တိတ်တိတ်ပုန်း ဆောင်ရွက်နေခြင်း သို့မဟုတ် တိုက်ရိုက် သို့ သွယ်ဝိုက် ထောက်ခံအားပေးသူဖြစ်နေခြင်း။ ထင်သာမြင်သာခြင်းလည်းမဟုတ် မသိသာမထင်ရှားခြင်းလည်းမဟုတ်သော စွမ်းအားအသစ်ဖြစ်သော်လည်း နှောက်ယှက်ဖျက်ဆီးနိုင်စွမ်းနှင့် ကြိုးကိုင်ခြယ်လှယ်နိုင်စွမ်း ရှိနေသည်။ စည်းလုံးညီညွတ်သော ရှေ့တန်းမျက်နှာစာ ဌာန - The United Front Work Department သည် ကမ္ဘာအရပ်ရပ်၌ ပြန့်နှံ့နေသော တရုတ်တိုင်းရင်းသားများအား ပါတီ၏ ဦးတည်ချက်များအား ဆောင်ရွက်နေချင်စေရန် အဓိကတာဝန်ပေး ဖွဲ့စည်းထားသည်။ 

ထိုဝေါဟာရများမှာ ထိရောက်နိုင်မှုအတိုင်းအတာအရ အရေးပါပြီး နည်းဗျူဟာများ၏ အကျိုးသက်ရောက်မှုများအား ဂျာနယ်လစ်များ၊ အစိုးရ နည်းပညာ အကြံပေးပညာရှင်များ နှင့် အစိုးရတာဝန်ရှိသူများ5 မှ များပြားလှသော အစီရင်ခံစာများဖြင့် ဖေါ်ပြထားလျက်ရှိသည်။ ယခုထိ တရုတ်၏ တိုးတက်လာမှုကို သူတို့ ထိထိရောက်ရောက် ရှင်းလင်း ဖေါ်ပြနိုင်ပါရဲ့လား။

သူတို့ မရှင်းလင်း မဖေါ်ပြနိုင်ပါဘူး။ ဤအရာများကို သေသေချာချာနားလည်နိုင်ရန် တရုတ်ပြည်ထောင်စု သမ္မတနိုင်ငံ၏ ခေတ်သစ် စွမ်းအား ကုလားကာနောက်ကွယ်ကို ဝင်ရောက်ရှုမြင်ရန်လိုအပ်သည်။ တရုတ်သည် အနောက်တိုင်းလွှမ်းမိုးခံနေရသော CCP မှ ၁၉၄၉ ခုတွင် အာဏာသိမ်းယူပြီးချိန်မှစ၍ အနောက်တိုင်း နိုင်ငံရေးသိပ္ပံနှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေကို စိတ်ပါဝင်စားခဲ့သည်။ CCP မှ ရှေးကျ၍ ရည်ရှည်တည်တန့်ခိုင်မြဲသော စွမ်းအားစံနှုန်းများနှင့် နိုင်ငံရေးပရိယာယ်များကို လေ့လာမှတ်သားပြီး ၎င်း၏ စွမ်းအားများကို အစီစဉ်ချရန်နှင့် တရားဝင်ဖြစ်စေရန် ပြန်လည်ဖေါ်ထုတ်ခဲ့သည်။ ရလဒ်မှာ - မျိုးစပ်အမျိုးစားဖြစ်ပြီး၊ မျက်မှောက်ခေတ်နှင့် အတိတ်ခေတ် အတွေးအခေါ်နှစ်ခုစလုံး ကို ခြုံငုံမိလျက်ရှိသော ယခုတိုင် တစ်သမတ်ထဲရှိသဘောတရားဖြစ်၍ စုစည်းထားသော စွမ်းအားစုနှင့် အမှန်တရားဖြစ်သည်ဟု အခိုင်အမာ ဆိုနေသည်။ (Monism ဆိုသည်မှာ များပြားကွဲလွဲနေသော ဖြစ်စဉ်များအားလုံးကို အကြောင်းတရားအဖြစ် စုစည်း၍ တစ်ခုထဲသောအမှန်တရား ဖြစ်သည်ဟု ထင်မြင်ယူဆခြင်း သဘောကို ဆိုသည်။)

ဤကဲ့သို့ တစ်မူထူးခြားသော စံစုစည်းမှုသည် စကြာဝဋ္ဌာထင်မြင်ယူဆမှု သဘောအတွင်း၌ ယခင်က ဘုရင်ဧကရစ် လက်အောက်နှင့် ယနေ့ ခေတ်အခါတွင် ပါတီ၏ လက်အောက်တွင်သြဇာအာဏာ6 သည် “ဗဟို” အဖြစ် နောက်ဆုံး တည်နေသည် ဟုအမြစ်တည်လျက်ရှိနေသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံသည် ခေတ်ရှေ့ပြေးလွန်ခြင်း၊ အချက်အလက် အခြေပြုခြင်း၊ အသိဉာဏ်အတု (AI) တို့နောက်သို့ စီးမြောနေသော်လည်း တရုတ်၏ နယ်နမိတ်အတွင်း တိုးတက်လာမှု၊ စကြာဝဋ္ဌာသဘောတရား၊ ယဉ်ကျေးမှု စွမ်းအား ဝေါဟာရများကို နားလည်စေရန် ဒီမိုကရေစီဝါဒများ၏ ထင်ပေါ်ကြော်ကြားသော တန်ဆာပလာအတွင်း ဖြည့်သွင်းရန် ဝေါဟာရများမှာ - Tianxia 天下“မိုးကောင်းကင်အောက်” သို့မဟုတ် တကမ္ဘာလုံးက သိရှိသော ဘုရင်ဧကရစ်မင်းများ၊ tianchao 天朝 “မိုးကောင်းကင်အင်ပါရာ” အမှန်တကယ် တရုတ်အင်ပါယာနိုင်ငံတော် နှင့် သူ၏ စွမ်းအား၊ jimi 羁縻 တိရိစ္ဆာန်မွေးမြူရေးသဘော တိုက်ရိုက်အဓိပ္ပါယ်သဘောအရ မြင်းနှင့် ကျွဲနွားများအား “ဇက်ကြိုးတတ် နဖားကြိုးထိုးပြီး ကျွေးမွေးခြင်း” ဖြစ်ကြသည်။ဤသည်များမှာ အင်ပါယာ နယ်မြေ အပြင်ဖက်ရှိ တိုင်းတပါးသား လူရိုင်းများနှင့် မွေးဖွား ပေါက်ပွားလာသော ဟန်လူမျိုးများမဟုတ်သူများကို ထိမ်းသိမ်းရန် ကျင့်သုံးခဲ့သော နန်းဆက် နည်းနိဿယ ဖြစ်သည်။ ထိုနေရာများ၌ တချိန်တည်းမှာ ရောပွန်းနေသော ကုန်သွယ်မှုနှင့် ခြိမ်းခြောက်မှု သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာသက်ရောက်မှု အတွက် လုံခြုံမှု “ဗဟို” yi 夷 တွင် အင်ပါယာ နှင့် စွမ်းအားသည် လက်အောက်ခံ မြေကျွန်များ အဖြစ်တည်ဆောက်ရန် တည်ရှိနေသည်။ 

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးများတွင် ထိုအယူအဆများ ကျင့်သုံးခဲ့လျင် ရလဒ်မှာ တိုက်ရိုက် အပြင်ဖက်သို့ ဖြန့်ကျက်ကျယ်ကားစေသော စံနစ် သို့မဟုတ် တရုတ်အတွက် လုံခြုံစိတ်ချရစေသော ကမ္ဘာ ဖြစ်စေရန် သွယ်ဝိုက်၍ ထိမ်းချုပ်သော ရည်ရွယ်ချက် ဖြစ်သည်။ ယင်းသို့ ဖြစ်စေခြင်းမှာ တရုတ်သည် သမိုင်းတွင် မရှိခဲ့ဖူးသေးသော ကမ္ဘာနှင့် ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံနေသောကြောင့်ဖြစ်သည်။ ဤ စံနှုန်း သဘောတရား အခြေခံ ဖြင့်သာ ပါတီသည် ကမ္ဘာအဆင့် တက်လှမ်းရန် သက်တောင့်သက်သာ ဖြစ်နေသည်။ 

အခရာ တစ်ခုမှာ - အင်ပါယာ ခေတ်အချိန်အခါတွင် tianxia, tianchao နှင့် jimi တို့သည် တရုတ်နှင့် ပထဝီအိမ်နီးခြင်းများ အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သည့်အပြင် အနက်အဓိပ္ပါယ် သဘောအရ tianxia သည် နယ်နမိတ်ကန့်သတ်မှုမဲ့ခြင်းသဘော မည်သော - “မိုးကောင်းကင်အောက်” ဆိုသည့် အဓိပ္ပါယ်မှာ မည်သည့်နေရာတွင် အဆုံးသတ် ဖြစ်နိုင်မည် ဆုံးပါမည်နည်း။ စိမ့်ဝင်လျော့ရွဲစေနိုင်သော နယ်နမိတ် သဘောရှိနေသည့် ကမ္ဘာအဆင့်လုပ်ဆောင်မှု (globalized) ခေတ်တွင် နောက်ထပ်အဆင့်အနေဖြင့် “ဗဟို” ကို လုံခြုံနေစေခြင်း သဘောကို နေရာတိုင်းအပေါ်တွင် လွှမ်းမိုးစေရန်ဖြစ်သည်။

တရုတ်သည် Cyber - ဆိုက်ဘာ (အီလက်ထရောနစ် ဆက်သွယ်ထိမ်းချုပ်မှု) ဆိုင်ရာ အချုပ်အခြာကို မိမိအိမ်အတွင်း အားကောင်းထိရောက်စွာ ထိမ်းချုပ်နိုင်သော သဘောထားအမြင်ရှိနေပြီး ဖြစ်သည်။ ၎င်းမှာ နိုင်ငံအတွင်း အင်တာနက်မှ တစ်ဆင့် စီးဝင်လာသော သတင်းအချက်အလက်များ ထိမ်းချုပ်ခြင်း ပဲဖြစ်သည်။ တစ်ကယ့် ကမ္ဘာ့ ကုန်ပစ္စည်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် အထောက်အပံ့ကူညီမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို နို်င်ငံပြင်ပတွင် ပြုလုပ်ဆောင်ရွက်သည့်အလျောက် ယင်းတို့၏ တရုတ်အပေါ် အကျိုးသက်ရောက်မှုများကိုလဲ အခြားသော ထိမ်းချုပ်မှု ပုံစံမျိုးဖြင့် ထိမ်းချုပ်ရမည်ဖြစ်သည်၊ လွှမ်းမိုးမှုသြဇာဖြင့် ထိမ်းချုပ်မှု စံနစ်ဖြစ်သည်။ 

ဤအချက်ကို ဗဟိုတူ စက်ဝိုင်းများ ကို ချဲ့ထွင်ကျယ်ဝန်းစေခြင်း အားဖြင့် ကမ္ဘာကြီးအား သိမ်းပိုက်ရန် လွယ်ကူစွာ ပုံဖေါ်မြင်ယောင်ထားသည်။ ဗဟိုအတွင်း အနှစ်သည် တရုတ်ပြည်ထောင်စုနိုင်ငံ (ဟောင်ကောင် အပါအဝင်) ဖြစ်ပြီး အရှေ့တောင်၊ အရှေ့မြောက် နှင့် အနောက်အာရှ နိုင်ငံများမှာ အနည်းနှင့် အများ ဒုတိယ အဝန်းဝိုင်းအတွင်း ပါဝင်နေသည်။ ပြီးလျှင် အခြားနိုင်ငံများဖြစ်သည့် သြစတြေးလျားနိုင်ငံမျိုးမှာ တတိယ အဝန်းဝိုင်း အတွင်းတွင်ရှိနေသည်။ ကျန်အခြားနိုင်ငံများမှာ ပထဝီ နီးစပ်မှု၊ ကုန်သွယ်မှုဆက်ဆံရေး နှင့် တရုပ်အပေါ် နိုင်ငံရေးဆက်ဆံမှု လက်ခံမှုပွင့်လင်းမှု သဘောအပေါ် မူတည်၍ ပိုမို၍ ဝေးသောနေရာတွင် တည်ရှိနေသည်။ ၎င်းအဝန်းအဝိုင်းသည်လည်း ပြောင်းလဲလာသော ဆက်ဆံရေး နှင့် သဘောတူညီမမှုများ အပေါ်မူတည်၍ ပြောင်းလဲနေသည်မှာ သေချာနေသည်။ 

ထိုအချက်ကို နားလည်သည်နှင့် တစ်ပြိုင်နက် “အာဟား - ဟုတ်ပြီ” ဟူသောအချိန်တွင် သြစတြေးလျား မှစ၍ ဂျာမဏီ၊ တောင်အာဖရီးကားမှ အိုက်စလန်း၊ ဖိလစ်ပင်းမှ အမေရီးကားရှိ ပါတီအင်အားစုများ၏ လွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှုသဘောများကို ကျွန်နုပ်တို့ အဝေးမှ ထင်ရှား ကြည်လင်စွာမြင်လာနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ တရားမဝင်ကိစ္စများ၌ သုံးရန်ရန်ပုံငွေများ၊ လာဘ်ပေးလာဘ်ယူမှုများ နှင့် အဆမတန် ကြီးမားလှသော ထောက်ပံ့ကူညီမှု စီမံကိန်းများကြောင့် အကြွေးမှီများပေါ်ပေါက်ဖြစ်ထွန်းစေပြီး တာဝန်ယူစေသော ပုံစံခွက်သဘောများ၊ စသည်များအကြောင်းနှင့် ပါတ်သက်ပြီး များစွာသော အစီရင်ခံစာများ တိုးပွားလာနေသည်။ နောက်ဆုံးထွက်ရှိထားသော စာတမ်းတွင် ဤဖြစ်စဉ်ကို “economic statecraft - စီးပွားရေးဆိုင်ရာ နိုင်ငံရေးပရိယာယ်” အဖြစ် ပုံဖေါ်သုံးသပ်ထားပါသည်။

ပြီးခဲ့သော ဖေဖဝါရီလတွင် ကျင်းပခဲ့သော မြူနစ် လုံခြုံရေး ကွန်ဖရန့်တွင် ဂျာမဏီနိုင်ငံ နိုင်ငံရေးဝန်ကြီးဟောင်း Sigmar Gaberiel မှ တရုတ်သည် “stick and carrots - တုတ်ချောင်းနှင့် မုန်လာဥ” သဘောတရားကို ၎င်း၏ နိုင်ငံရေး မူဝါဒတွင် ကျင့်သုံးနေသည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ jimi သဘောတရားကို ရည်ညွှန်းပြောကြားခြင်းဖြစ်သော်လဲ ယင်း အသုံးအနှုန်းကို ထည့်သွင်းပြောကြားခြင်း မပြုခဲ့ပါ။

အလုံးစုံပုံရိပ်ကို ခြုံငုံကြည့်လျှင် ဖျက်လိုဖျက်ဆီးသဘောတရား ရှိနေသည်ဟု မြင်နိုင်စရာရှိနေသည်မှာ အရေးကြီးလွန်းလှသော်လဲtianxia ၏ ပင်ကိုယ် သရုပ်မှန်မှာ ပြောင်းလွယ် ပြင်လွယ်သဘောနှင့် မရေရာ မပြတ်သားသော သဘောရှိနေသည်။ ၎င်းသည် “အားလုံးအတွက် ငြိမ်းချမ်းသာယာသော ဘဝ” (天下为公, မိုးကောင်းကင်အောက် အားလုံးအား လူတိုင်းအတွက်)ဟူသော အယူအဆ အမြင်သဘောတရား ကို ဖေါ်ကျူးပေးနေသည်။ ဤ ရိုးရာ အယူအဆ အမြင်သဘောတရားသည် များစွာသော ဦးတည်ချက်များသို့ ခေါ်ဆောင်ပေးနိုင်နေသည်။ ယနေ့ အဓိပ္ပါယ်ကို ပါတီမှ အဓိပ္ပါယ်ဖွင့်ဆို ပြဌာန်းပေးထားသည်။

၂. “ဗဟို” နေရာတိုင်းတွင် ပြုလုပ်ခြင်း

တရုတ်အင်ပါယာသည် နှစ်ပေါင်းထောင်ပေါင်းများစွာတိုင်အောင် ကမ္ဘာကို “အတွင်း” နှင့် “အပြင်” ဟူသော ဝေါဟာရ ဖြင့် ထင်မြင်ယူဆ ကောက်ချက်ချခဲ့သည်။ ဟန်လူမျိုးစုများသည် အတွင်းတွင် ရှိနေပြီး ကျန်လူများမှာ အပြင်တွင် ရှိနေသည် - ရှေးဟောင်း စကားလုံးဖြစ်သော “neiwai youbie” (内外有别)သို့မဟုတ် “အတွင်းနှင့် အပြင်သည် မတူပါ” ဟူသော ရှုမြင်မှုသဘောဖြင့် အကျဉ်းချုပ်ထားသည်။

လက်ရှိ the United Front မှာတော့ Xi Jinping မှ ပါတီရဲ့ “ပဥ္စလက် လက်နက်” အဖြစ် အရှေ့မှာ Mao Zedong ပြောခဲ့ဖူးသလို ယင်း အတွင်းနှင့် အပြင် သဘောတရားကို ကမ္ဘာအရပ်ရပ်ရှိ ဟန်လူမျိုးတို့ အပေါ် သစ္စာရှိမှုကို ဖေါ်ကျူးပြီး တင်စားဖေါ်ပြခဲ့ပါသည်။ ၎င်းကို ခေတ်မှီလူမှု ယဉ်ကျေးမှု တိုးတက်မှု အယူအဆ အမြင်သဘောတရား “Huaxia” သို့မဟုတ် “(people of - ၏ လူမျိုးများ) တရုတ် Xia (dynasty - မင်းဆက်) အဖြစ်ဖေါ်ပြနေပါသည်။ Huaxia သည် ဟန်လူမျိုးများကို ပထမဦးဆုံး သမိုင်းမှတ်တမ်း​ဝင် Xia မင်းဆက်မှ တိုက်ရိုက်ဆင်းသက်သော သွေးဆက်အဖြစ် သဘောထား သတ်မှတ်ထားပါသည်။ ယင်း ပြောင်းလဲနိုင်သော ယခုထိ အချိုးဖျက်နိုင်သော သဘောတရားရှိနေသည့် နိုင်ငံတော်မှ ဖွင့်ဆိုသော ပါတ်သက်သက်ဆိုင်မှု အဓိပ္ပါယ်သည် တရုတ်ဖြစ်ခြင်း အပေါ် အဓိပ္ပါယ်ကျယ်ပြန့်စေသလို အစဉ်အမြဲ ဗဟို အတွင်းသို့ ပြန်ပြောင်း ချိတ်ဆက်နိုင်စေပါသည်။ ဤသီအိုရီ သဘောတရားအရ မည်သည့်နေရာမှာ မဆို ရှိနေသော ဟန်လူမျိုး သို့မဟုတ် တရုတ်နိုင်ငံသားတိုင်းသည် တရုတ်နိုင်ငံ ဖြစ်သည် ဟူသော အဓိပ္ပါယ်ရှိနေသည်။ 

Xi Jinping သည် ပါတီ၊ စစ်တပ်နှင့် နိုင်ငံ ခေါင်းဆောင်ဖြစ်သည့်အလျောက် နေရာတော်တော်များများ တွင် ပြောခဲ့ဖူးသည်မှာ “အစိုးရ၊ စစ်တပ်၊ လူမှုအသိုင်းအဝိုင်း နှင့် ကျောင်းများ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အားလုံးကို ပါတီမှ ဦးဆောင်နေသည်14” ဟုဖြစ်သည်။

ဤကဲ့သို့ အခိုင်အမာပြောဆိုသော ကြီးစိုးလွှမ်းမိုးမှုသဘော၏ ဖေါ်ပြချက်သည် ရှေးပဝေသဏီ အယူအဆ စင်္ကြာဝဋ္ဌာနှင့် ပထဝီဝင် “ဗဟို” ဟူသော မည်သူမျှ ငြင်းချက်ထုတ် မခုခံနိုင်သော ရုပ်ဝထ္ထု နှင့် အတွေးအခေါ်သဘောရှိသည့် နေရာ ဟူသော ထင်မြင်ယူဆမှုသဘောနှင့် ထင်ရှားသိသာစွာ ထပ်တူကျလွန်းနေသည်။

အရေးကြီးသည်မှာ မင်းဆက်နှင့် CCP ၏ စွမ်းအားမှာ monistic - တသမတ်သဘောတရား ရှိနေသည်။ သဘောမှာ ကွဲပြားနေသော ဖြစ်စဉ်များကို အမှန်တရား တစ်ခုအဖြစ် မိမိဖာသာ စုစည်းခြင်း နှင့် ၎င်းနောက် အခြေခံကျသော ဝိသေသလက္ခဏာများကို ဝိုင်းဝန်းကျင့်သုံးခြင်းပင်ဖြစ်သည်။

တသမတ်တည်းကျသော နိုင်ငံရေး စနစ်မှာ မူမတူကွဲပြားသော စံနစ် နှင့် သဟဇာတကျစွာ ဆက်ဆံနိုင်ခြေ မရှိဖြစ်သည်။ အကြောင်းမှာ တသမတ်တည်းကျသောအသိအမှတ်မပြုသော်လည်း မိမိရှင်သန်ကြီးထွားရန် မိမိကိုယ်ကို အထက်မှာ နေရာထားရှိပြီး အလွှာခွဲခြားမှုကို တည်ဆောက်ရန် အစဉ်အမြဲကျိုးစား အားထုတ်နေသည့်သဘော ရှိနေသောကြောင့် ဖြစ်သည်။

ပါတီအမြင် ရှုထောင့်မှ ဤထင်မြင်ယူဆချက် သဘော၏ တိုက်ရိုက် အကျိုးဆက်မှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ သည် ကမ္ဘာ့ နေရာတိုင်းအပေါ် အကျိုးသက်ရောက်မှု ရှိနေနိုင်စေခြင်းဖြစ်သည်။ ပါတီနိုင်ငံတော်သည် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကဲ့သို့သော တန်ဖိုးများကို မည်သည့်နေရာတွင်မဆို မိမိတို့၏ အချုပ်အခြာအာဏာ ထိပါးနိုင်စေသည်ဟု ယူဆပါက ငြင်းဆိုပိတ်ပင် နိုင်ခွင့်ကို ထိမ်းသိမ်းထားသည်။

ဤရပ်တည်ချက်သည် တော်တော်များများအချိန်များတွင် “outsiders - အပြင်လူများ” ကို “wrong - မှားယွင်းသော” လုပ်ဆောင်မှုများ အတွက် တောင်းပန်စေရန် ပြတ်ပြတ်တောင်တောင်း ဖေါ်ပြလေ့ရှိသည်။ ဥပမာအားဖြင့် မကြာသေးခင်အချိန်အတွင်း အနောက်တိုင်း လေကြောင်းလိုင်း၊ ဟိုတယ်များ နှင့် မော်တော်ကား ကုမ္ပဏီများတွင် ဖြစ်ခဲ့သော တိုင်ဝန်ကို နိုင်ငံအဖြစ် သတ်မှတ်မှုမျိုး သို့မဟုတ် ဒလိုင်းလားမား အား ကြော်ငြာများတွင် ညွှန်းဆိုမှုမျိုး များဖြစ်သည်။ ထိုတောင်းဆိုမှုများသည် ကုန်သွယ်မှုကို ချိန်းခြောက်နေသော အန္တရာယ်နှင့် ပူးတွဲဆက်စပ်နေသော jimi သဘောရှိသည့် ဂန္ထဝင်မြောက် ဥပမာပင်ဖြစ်သည်။

ထိုတောင်းဆိုမှု နောက်ကွယ်ရှိ အကြောင်းပြချက် သဘောတရားကိုမူ ရှင်းပြလေ့ မရှိသလောက် နည်းလှသည်။ သို့သော် ဇန်နဝါရီလထုတ် Global Times တွင် ရှင်းပြခဲ့သည်။ ထိုဆောင်းပါးသည် New York Times တွင် ရေးသားဖေါ်ပြခဲ့သော တရုတ်အစိုးရ အရာရှိများနှင့် ဘောလုံးသမားများ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေးနှင့် လွတ်လပ်စွာပြောဆို ရေးသားဖေါ်ပြခွင့်ကို ဝင်ရောက်စွက်ဖက်ကြောင်း ရေးသားခဲ့သော ဆောင်းပါးကို တုံ့ပြန် ခြင်းဖြစ်သည်။ (ထိုဆောင်းပါးရေးသားသူမှာ ယခု ဤ စာကို ရေးသားသူပင်ဖြစ်သည်။)

ဂျာမဏီနိုင်ငံတွင် ကြိုးစားမှုမှာ တိဘက်သားများ၏ အခွင့်အရေးကို အထောက်အကူပြုဖြစ်ပြီး လွတ်လပ်စွာပြောဆို ရေးသားဖေါ်ပြခွင့်ကို မေးခွန်းထုတ်ခြင်း မဟုတ်ကြောင်း Zhang Yi မှ Global Times တွင် “စာရေးသူသည် တိဘက်နှင့် ဆိုင်သော မေးခွန်းမှာ တရုတ်နိုင်ငံ အချုပ်အခြာအာဏာနှင့် ဆိုင်ကြောင်း ကို နားမလည်နိုင်သေးပဲ၊ တိဘက်ခွဲထွက်လိုသူများမှာ တရုတ်မှ ခွဲထွက်ရန် ဦးတည် ရည်ရွယ်ခြင်းဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ကို တရုတ်တို့မှ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်” ဟု Zhang မှ ရေးသားခဲ့သည်။

၎င်း အကိုးအကားတွင် အခြေခံ အကြောင်းတရားဖြစ်သော ဒီမိုကရေစီဝါဒ အခြေခံ ပုံစံစနစ် ဖယ်ထုတ်ထားပြီး ပင်ကို မူလတန်ဖိုး ဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခြင်း တန်ဖိုးတို့ကို နေရာတိုင်းတွင် ငြင်းပယ် ထိမ်းချုပ်ထားသည်။ ဤသည်မှာ အလွယ်တကူ ပြောင်းလဲမည် မဟုတ်ပါ။ ၎င်းမှာ ပြောင်းပြန်ဖြစ်လာစေသော သဘောရှိသည့် တော်လှန်ရေးဖြစ်သည်။ Global Times မှာ ပါတီ သို့မဟုတ် အစိုးရ မဟုတ်သော်လဲ အချုပ်အခြာအာဏာနှင့် ဆိုင်သော Zhang ၏ ထိုးနှက် ဖေါ်ပြချက် အာဘော်ကို တရားဝင် စဉ်းစားစေရန် ဖြစ်စေခဲ့သည်။

၃။ တရုတ်၏ နည်းဗျူဟာကို နားလည်စေရန် သမိုင်းကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

PRC - တရုတ်ပြည်ထောင်စုနိုင်ငံ၏ မျက်မှောက်ခေတ် စွမ်းအားကို လေ့လာနိုင်ရန် သမိုင်းများကို အဘယ့်ကြောင့် ပြန်လှန် သင့်သနည်း။ CCP ရဲ့ အတွေးအခေါ်နှင့် ယင်းတို့၏ အကောင်အထည်ဖော်နေသော the United Front ကဲ့သို့အဖွဲ့အစည်းများမှ ရှင်းပြနေပြီး ဖြစ်နေပြီ မဟုတ်ပါလော။

ယင်းတို့ အများကြီး ရှင်းပြထားပါသည်။ သို့သော် ပညာရပ်သဘောအရ ဆိုရသော် Xi လက်ထက်တွင် the United Front မှာ ကြီးကျယ် ဖြန့်ကျက်လာခဲ့ပြီး ယခုအချိန်ထိ များသောအားဖြင့် တရုတ်တိုင်းရင်းသားများ ကိုသာ ရှာဖွေ လွှမ်းမိုးရန် ဆောင်ရွက်နေသည်။ jimiသဘောတွင်မူ တရုတ်မဟုတ်သောသူများ ကို စီမံအုပ်ချုပ်ရန်တိကျပြတ်သားသော ဦးတည်ချက်ရှိနေသည်။ ထို့ကြောင့် globalization - ကမ္ဘာအဆင့်ဖြန့်ကျက်မှု ခေတ်အချိန်များတွင်မူ တိကျသော အပြိုင်သဘောတရားတစ်ခုအဖြစ် ဖြစ်ပေါ်လာစေသည်။ “jimi ဝန်ကြီးဌာန” အဖြစ် ရှိမနေသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ (ထိုအချက်သည်ရှိရန်မလိုအပ်သလို - အပြုအမူဆောင်ရွက်ချက်များကို နားလည်ပြီးသည့်အပြင် ပါတီတွင်းစဉ်းစားတွေးခေါ်မှုတွင် အမြစ်တွယ်ပြီးသားဖြစ်သည်။)

အရေးကြီးသည်မှာ jimi သည် “ကုန်သွယ်မှု (သို့မဟုတ်) ချိမ်းခြောက်မှု” ဟုမေးရမည့် မေးခွန်းမဟုတ်သော်လည်း အမြဲတမ်း “နှစ်မျိုးစလုံး...(သို့မဟုတ်) နှင့်...” ဖြစ်သည်။ ဤအရာသည် သွေဖီ ဆန့်ကျင်နေသော မူဝါဒများကို အဆီအငေါ်တည့်တည့် တပေါင်းတစည်းတည်းအဖြစ် ပေါင်းစည်းထားခြင်းကို ရင်းနှီးကျွမ်းဝင်မှုမရှိသော သူများဖြစ်သည့် တရုတ်မဟုတ်သော သူများ၊ အထူးကျွမ်းကျင်သူများ၊ သုတေသီများ နှင့် ဂျာနယ်လစ်များ အတွက် ဇဝေဇဝါ ဖြစ်စေသည်။ သို့သော် တရုတ်နိုင်ငံအတွင်းတွင်မူ လျင်မြန်စွာ နားလည်နိုင်ကြသည်။ ဦးတည် ရည်ရွယ်ရာ ပုဂ္ဂိုလ်နှင့် လူစုအပေါင်း ဝေဝါးနေမှုမှ ရုတ်တရက် နိုးထနားလည်မှုသည် လွန်စွာမှ ထိရောက်လွန်းပေသည်။ 

သြစတြေးလျား အခြေအနေအရ jimi ဆိုသည်ကို တိကျစွာ ဖေါ်ပြနေသည်မှာ - တရုတ်၏ ဝင်ရောက်စွက်ဖက်ခြင်း အတည်ပေါက် ဖြီးလုံး ဖြန့်လုံး သာဖြစ်သည်ဟု အများပြည်သူအရှေ့ သိသာထင်ရှားစွာ ဖေါ်ကျူးနေသည်။

မေလအတွင်းတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi မှ သြစတေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ကို တရုတ်နိုင်ငံ၏ အဓိက ကုန်သွယ်မှုမိတ်ဖက်မှ သမရိုးကျတွေးခေါ်မှုကို ဧကန်အမှန် စွန့်လွှတ်ရမည်၊ အရောင်ဆိုးထားသော မျက်မှန်ချွတ်ရမည်၊ ထို့အတူ တရုတ်၏ ဖွံ့ဖြိုးမှုအပေါ် စိုးရွံ့တုံ့ဆိုင်းနေသည့်သဘောထားကိုလည်း ပြောင်းလဲရမည်ဟု ဆိုခဲ့သည်။

ဆန်းစစ်လေ့လာသူများ အတွက် စိုးရွံဖွယ်ရာမှာ သမိုင်းတွင် jimi ကို နိုင်ငံတော်အဆင့် လှုပ်ရှားဆောင်ရွက်နေသူများမှ ဖေါ်ဆောင်နေခဲ့ခြင်းဖြစ်သော်လည်း ယနေ့ တရုတ်ကုမ္ပဏီများက နိုင်ငံရေးတွင်း ပါဝင်လှုပ်ရှားခြင်းအားဖြင့် ပင်ကိုယ်သဘောဆောင်နေခြင်းသည် အပြည်ပြည်ဆိုင်ရာအပြုအမူဖြစ်သည်ဟု ညွှန်ကြားချက်အသစ်တစ်ခုအဖြစ် မြင်လာစေသည်။ နိုင်ငံပိုင် ကုမ္ပဏီများရှိ သတ်မှတ်ထားသော ရာထူးအဆင့်အတန်းရှိသော ဝန်ထမ်းများသည် ပါတီဝင်ခိုင်းစေခြင်းအားဖြင့် ပါတီနိုင်ငံတော်၏ ပထဝီနိုင်ငံရေး နှင့် လုံခြုံရေးအကျိုးအမြတ်များကို တိုင်းပြည်တွင်းနှင့် နိုင်ငံရပ်ခြားထိတိုင်အောင် ဖြန့်ကျက်လွမ်းခြုံစေနိုင်သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများအတွက် လွှန့်လူးသာနေသော်လည်း ၎င်းတို့သည် ပါတီလမ်းစဉ်နောက်သို့ လိုက်ရမည်ဖြစ်သည် - “ဗဟို” မှ အရာအားလုံးနီးပါး လွတ်ကင်းခြင်းမရှိ်ပေ။ 

ဤကဲ့သို့ ရှုထောင့်ပေါင်းစုံမှ ဖိအားများသည် ပဟေဋ္ဌိ၏ အရေးကြီးသော အစိတ်အပိုင်းအဖြစ် တရုတ်နှင့် ကမ္ဘာ၏ ကြီးထွားလာနေသော လုံခြုံရေးပြယုဒ်မှန်ကို ဖေါ်ပြနေသည်။

၄။ တရုတ်ရိုးရာကို အမွေဆက်ခံသောသူ Xi Jinping

Xi မှ ၂၀၁၇ ခုနှစ်တွင် ပြောဆိုခဲ့ သည်မှာ “ကျွန်ုပ်တို့ နိုင်ငံ၏ အလွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုသည် Huaxia မျိုးဆက်များ၏ အတွေးအခေါ် အပေါ် အစဉ်အမြဲ လွှမ်းမိုးနေနိုင်ခဲ့သည်” 

ရိုးရာကို အာဟာရအဖြစ် ဥပမေယပြုခြင်းဖြင့် တရုတ်ကွန်မြူနစ်ဝါဒကို အားဖြစ်စေရန်လိုအပ်သည့် အရည်အသွေးများအဖြစ် ဖော်ကြူးကြသည်မှာ ထင်ရှားသည်။

“Xi Jinping သည် တစ်နှစ်အတွင်း သုံးကြိမ်တိုင်တိုင် ကွန်ဖြူးရှပ် သင်ကြားမှုများနှင့် အတွင်းကျကျ ရင်းနှင်းကျွမ်းဝင်ကြောင်း ပြသခဲ့သည်။ ရိုးရာယဉ်ကျေးမှုကို ပြန်လည်ရှင်သန်စေရန် အဘယ်ကြောင့် အာရုံစူးစိုက်နေပါသနည်း” ဟု ၂၀၁၄23ခုနှစ်တွင် People’s Daily online မှ မေးခွန်းထုတ်ခဲ့သည်။ 

အဖြေမှာ “တရုတ် ကွန်မြူနစ်များသည် တရုတ်၏ အထူးကောင်းမွန်လှသော ရိုးရာယဉ်ကျေးမှုကို အစဉ်အမြဲ သစ္စာရှိရှိ ဆက်ခံနိုင်သူ အားပေးဆော်သြနိုင်သူများဖြစ်ကြသည်။ ထိရောက်သော အဟာရများကို ရယူနိုင်ရန် ကွန်ဖြူးရှပ်မှစ ဆွန်ယက်စင်ထိတိုင်အောင် ကျွန်ုပ်တို့အားလုံး အာရုံစူးစိုက်ခဲ့ကြသည်။” ဟု ဒီနှစ် စက်တင်ဘာလတွင် ကျရောက်သော ၂၅၆၅ နှစ်ပြည့် ကွန်ဖြူးရှပ် မွေးနေ့တွင် Xi မှ ပြောကြားခဲ့သည်။ 

CCP propaganda increasingly depicts Xi as an avatar of jiaguo tianxia (家国天下), “family, state, all-under-heaven.”24

Xi သည် မိုးကောင်ကင်အောက်ရှိ မိမိတိုင်းပြည် jiaguo tianxia (家国天下)၏ ကိုယ်စားလှယ်ဖြစ်သည်ဟု CCP ဝါဒဖြန့်မှုက ပိုမိုပုံဖော်လာနေသည်။24

ဤ စီမံအုပ်ချုပ်မှု ကောင်းမွန်မှုပုံစံကို အုပ်ချုပ်သူကိုယ်တိုင်မှန်ကန်အောင်နေပြီး မိသားစု၏ စံနမူနာဖြစ်ရန်၊ ထိုမှ တဆင့် မိမိ ကိုယ်ကျင့်တရား - သမစိတ္တ လွှမ်းမိုးမှုကို နိုင်ငံ နှင့် ကမ္ဘာ (天下) တိုင်အောင် လွှမ်းခြုံနိုင်ရမည်ဟု ရေးသားခဲ့သည့် ကွန်ဖြူးရှပ်လွန် အတွေးအခေါ်ပညာရှင် Mencius မှ ဖေါ်ထုတ်ခဲ့သည်။25

ကမ္ဘာနှင့်ဆိုင်သောtianxia ပုံစံ အယူအဆ အသစ်ကို ပါတီမှ ကျိုးပန်းပုံဖေါ်မှုကို “ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် ဆွေးနွေးပွဲတွင် CCP မှ အပြန်အလှန် ဆွေးနွေးမှု၌” ဗန်းပြ ဖေါ်ထုတ်ခဲ့သည်။26

အစည်းအဝေးတွင် မိုးကောင်းကင်အောက်ရှိ မိမိတိုင်းပြည် (天下一家) အဖြစ် ဖန်တီးပုံဖေါ်ရန် Xi မှ တစ်ကမ္ဘာလုံးကို တိုက်တွန်း ပြောကြားခဲ့သည်။ 

အတိအကျအားဖြင့်လူသားတို့၏ ဓနသဟာယ ဘဝကြမ္မာ(人类命运共同体) ဟူသော ဝေါဟာရ ကို ပထမ အနေဖြင့် ၂၀၁၂ တွင် တရုတ်နိုင်ငံ၌ စတင်ခဲ့ပြီး ယနေ့ လက်ရှိတွင် ၎င်းတို့၏ ကမ္ဘာ့ အဆင့် မြှော်မှန်းချက်များထဲမှ အခရာအဖြစ် ဆွဲဆောင်ခဲ့သည်။ (ဝေဝါးနေသော တစ်ခု ဖြစ်နေသော်ငြား)27

Tianxia လူသားတို့၏ ဓနသဟာယ ဘဝကြမ္မာဟူသော ဝေါဟာရ အဓိပ္ပါယ်မှာ မရှင်းလင်းသော်လည်း ၎င်း၏ အကြွင်းမဲ့တသမတ်ထဲ ဖြစ်လိုမှုသဘော အကျိုးသက်ရောက်မှုများမှာမူ ထင်ရှားသည်။ “လူ့ ဘဝ ကြမ္မာ” ဆိုသည်မှာ အဘယ်နည်း၊ “ဓနသဟာယ” ဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် သမိုင်းဝင် မဟုတ်သော်လည်း (ဥပမာ အားဖြင့် ဗြိတိလျှ ဓနသဟာယ) ဖန်တီးရန်လိုအပ်သည်။ မည်ကဲ့သို့သော သဘောတူညီမှု၊ မည်ကဲ့သို့သော ဥပဒေများအပေါ် အခြေခံမည်နည်း၊ ၎င်းတို့သည် တည်ငြိမ်နေပါမည်လား၊ ၎င်းတို့သည် tanxia ကဲ့သို့ အကျဉ်းချုပ် အယူအဆသဘော အကောင်းဆုံးသဘော အဖြစ်တည်မြဲနေနိုင်ပါမည်လား၊ ဘယ်လို အခြေအနေမှာလဲ၊ ဘယ်လို ထူးခြားမှုတွေ ရှိနေမှာလဲ။ 

ဤဝေဝါးမှုသည် တစ်ချိုသောသူများ အတွက် ၎င်း ဝေါဟာရကို တန်ဖိုးမဲ့သဘောအဖြစ် အရေးမထားစေအောင် ဖြစ်စေသည်။ ၎င်းတို့မှာ စကားလုံးများထက် ပိုသည့် စွမ်းအားအကျိုး သက်ရောက်မှုရှိနေသော မြှော်မှန်းချက်များ၊ သို့မဟုတ် သင်္ကေတ စည်းမျဉ်းအစုများ ဖြစ်သည်။

၅။ အင်ပါယာ အကြောင်း 

သမ္မတ အားကန့်သတ်ထားသော ဝေါဟာရအား ပယ်ဖျက်ရန်နှင့် ပါတည်အား နိုင်ငံတော် အခြေခံဥပဒေ၏ အချက်အချာတွင် ထားရှိရန် မတ်လတွင် နိုင်ငံတော် ပြည်သူလူထု ညီလာခံ၌ ဆန္ဒမံ ပေးပြီးနောက်တွင် ရလဒ်အားဖြင့် ၁၉၈၂ ခု နောက်တွင် ပထမဆုံး အကြိမ်အဖြစ် ပါတီ ခေါင်းဆောင်သည် သီအိုရီသဘောအရ ရာသက်ပန် အုပ်စိုးခွင့် နှင့် ၎င်း ဦးဆောင်နေသော ပါတီမှ နိုင်ငံအား ပေါ်ပေါ်ထင်ထင် ဝါးမြိုထားပြီး ဖြစ်သည်။28(အမြဲတမ်း ယောကျာင်္းဖြစ်သည်)28

သမိုင်းဝင်ပဲ့တင်သံဖြစ်နေသော ဤကဲ့သို့ ဆန္ဒပြင်းပြစွာ ဝါးမျိုသော လုပ်ငန်းစဉ်တွင် ပါတီမှ လူထုဆန္ဒသဘောထား ဖြစ်သည်ဟု ဖေါ်ကျူးခဲ့သည်။ တရုတ် ရှေးဟောင်း ပညာရှင် Yuri Pines မှ the Warring States - တိုက်ပွဲဝင်နေသောနိုင်ငံများ အချိန် (လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ခန့်) အတွင်းက ရေးသားခဲ့သည်မှာ “လူတွေအားလုံး တညီတညွတ်တည်း နီးပါး ချမှတ်ကြသော အဆုံးသတ်ကောက်ချက်မှာ လူမှု နိုင်ငံရေး socio-political ထိမ်းချုပ်စီမံနိုင်ရန်အတွက် “မိုးကောင်းကင်အောက်ရှိ အားလုံး” ကို ကမကထပြုနိုင်သော တခုတည်းသော အင်အားကြီး တန်ခိုးရှင် ရှင်ဘုရင်မှ စည်းစည်းလုံးလုံး မစုစည်းပဲ လုံးဝမဖြစ်နိုင်”29ဟုဖြစ်သည်။

၆။ ရိုးရာ စွမ်းအား အပေါ် ပြည်တွင်း၌ ငြင်းခုံခြင်း 

မကြာသေးခင် နှစ်များအတွင်းတွင် တရုတ်နိုင်ငံအတွင်း၌ သမိုင်းဝင် ဝေါဟာရဖြစ်သော tianchao အား ခေတ်မှီ နိုင်ငံတော်စွမ်းအားအဖြစ် လက်ခံ၍သော်လည်းကောင်း ဝေဖန်ခြင်းဖြင့်သော်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆို သုံးနှုန်းလာခဲ့ကြသည်။ 

ဘေဂျင်းမြို့တွင် နေထိုင်သော ဟောင်ကောင် စာရေးဆရာ Chan Koon-chung ၏ ၂၀၁၂ ခုနှစ်တွင်းရေးသားခဲ့သော “တရုတ်၏ tianchao’ism နှင့် ဟောင်ကောင်” စာအုပ်တွင် ထို ရှေးဟောင်း အတွေးအခေါ်အယူအဆကို တရုတ်မှ ပိုင်ဆိုင်သည် သို့မဟုတ် ပိုင်ဆိုင်ရမည်ဟု အခိုင်အမာဆိုနေသော ယနေ့ခေတ် ဟောင်ကောင် နှင့် ထိုင်ဝန် အခြေအနေအပေါ်မူတည်၍ လေ့လာသုံးသပ်ထားသည်။ Chan အတွက်မူ tianchaoသည် လုပ်ဆောင်နေလည်ပတ်နေသော နိုင်ငံအဖြစ် ဖေါ်ပြနိုင်ပြီး tianxia ကဲ့သို့ အကျဉ်းချုပ် စံနမူနာ မဟုတ်သောကြောင့် ဟောင်ကောင်အတွက် ဆက်စပ်မှုအရှိဆုံး အယူအဆ ဖြစ်နေသည်။ 

Chan ယုံကြည်နေသည်မှာ tianchao သဘောအရ ဘေဂျင်း၏ ဗြိတိလျှကိုလိုနီကို တရုတ်နှင့် ဗြိတိလျှအကြား ဟောင်ကောင်ရှေ့ရေးအတွက် အမြင့်မားဆုံးသော ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိ အုပ်ချုပ်မှုဆိုင်ရာ ၁၉၈၄ သဘောတူညီချက်များရှိနေလင့်ကစား ဥပဒေ၊ နိုင်ငံရေး နှင့် စီးပွားရေးအရ ကျူးကျော်ချင်းနင်းခဲ့ခြင်းဖြစ်သည်။ 

ယုတ္တိဗေဒ သဘောမှာ ဟောင်ကောင်သည် တရုတ်၏ အဓိက စွမ်းအားကို ထိမ်းသိမ်းနိုင်ရန် သေသေခြာခြာ ယဉ်ပါးအောင် ထိမ်းကြောင်းရမည် ဟူသည်။ jimi သည် မျိုးစုံသော လမ်းကြောင်းဖြစ်သည့် ပညာရေး၊ မီဒီရာ၊ ပညာရပ်အသိုင်းအဝိုင်း နှင့် ဖျော်ဖြေရေး စသည်များတွင် ဖေါ်ညွှန်းနေသည့် များစွာသော ဦးစားပေး စီးပွားရေး မူဝါဒများ နှင့် ဘေဂျင်းတောင်းဆိုချက်များတွင် လွယ်ကူစွာ မြင်တွေ့နိုင်သည်။

ဘေဂျင်းအတွက် အကြောင်းမသင့်သောအချက်ဖြစ်သည့် ရလဒ်မှာ ဟောင်ကောင်တွင် ကြီးမားသော နိုင်ငံရေး ဆန့်ကျင်မှုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် Umbrella လှုပ်ရှားမှု တစ်ခုအဖြစ် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ထို့ကြောင့် အရေးအကြီးဆုံးသော မေးခွန်းတစ်ခု ထွက်လာသည်မှာ - ဤကဲ့သို့သော နည်းဗျူဟာ လုပ်နည်း လုပ်စဉ်တွေတွေဟာ တစ်ချိန်မှာ မတည်ညိမ်မှုတွေကို တခြားနေရာတွေမှာ ပေါ်ပေါက်စေနိုင်မည်လား။

တစ်ချိန်က အိမ်နီးနားခြင်းဖြစ်ခဲ့ပြီး ယနေ့ တရုတ်၏ တစိတ်တပိုင်းဖြစ်နေပြီ ဖြစ်သော ဟောင်ကောင်သည် tianchao အတွင်း ခိုင်မာစွာရှိနေပြီဖြစ်သည်။ တချိန်တည်းမှာပဲ မြှော်မှန်းချက်တစ်ခုဖြစ်သော ဘေဂျင်းကို ဗဟိုပြုပြီး ထွက်ပေါ်လာသည့် စွမ်းအားများဟာ နယ်မြေများဖြတ်ကျော် ကျယ်ပြန့် ဖြန့်ကျက်နေမှုသည်လည်း နောက်အဝိုင်းအဝန်း တစ်ခုစာသာ ကျန်ရှိနေတော့သည်။ မလေးရှား သို့မဟုတ် သြစတြေးလျား နှင့် ဂျာမဏီ စသည် တိုင်အောင် လွှမ်းခြုံနေသော ပိုမိုအကျဉ်းချုပ်ကိုက်ညီသောtianxia နှင့် ငြင်းနိုင်စရာ ရှိနေသော်လည်း ပို၍ ကိုက်ညီသည့် နောက်တစ်ဆင့်အဖြစ် tianchao သည် တရုတ် မှ စွမ်းအားနှင့် စီးပွားရေး အရွေ့အပြောင်းကို မည်သည့် အဖွဲ့အစည်းပုံစံ အသွင်ဖြင့်မဆို နိုင်နိုင်နင်းနင်း ကိုင်လှုပ်နိုင်ချိန်မှ ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ပါတ်သက်နေသော စီးပွားရေး နိုင်ငံရေး အားဖြင့် မည်သည့် နိုင်ငံ သို့မဟုတ် ဒေသအတွင်းမဆို စတင်၍ တဖြည်းဖြည်း ပုံသွင်း အသက်ဝင်လာနေပြီဖြစ်သည်။

အတွေးအခေါ်ပညာရှင်တွေဖြစ်ကြသော East China Normal University မှ Xu Jilin၊ Fudan University မှ Bai Tongdong နှင့် Chinese Academy of Social Sciences မှ Zhao Tingyang တို့မှ tianxia ဟူသော ဝေါဟာရ အဓိပ္ပါယ်ကို “New Tianxia’sm (新天下主义)”32ကို အသုံးပြု၍ ငြင်းခုန်နေကြသည်။ ဤ ငြင်းခုန်မှုသည် ထိပ်ပိုင်း မီဒီယာတွင်းမှာ ငြင်းခုန်နေကြခြင်းဖြစ်ပြီး Xi ၏ ထောက်ခံမှုရရှိနေသကဲ့သို့ ပုံပေါ်နေသည်။ ဥပမာအားဖြင့် ရှန်ဟိုင်းအခြေပြု သတင်းစာ The Paper မှ ဤ အကြောင်းအရသည် တရုတ်တို့၏ မည်ကဲ့သို့သော တစ်မူထူးခြားသည့် ထင်မြင်ယူဆချက်ဖြစ်ကြောင်း ကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးစားခဲ့သည်။

Xu မှ ကမ္ဘာအဆင့် tianxia ကို အကောင်အထည်ဖေါ်ရန် ယနေ့ခေတ်ကာလနှင့် သဘောထားဆန့်ကျင်နေသာ အချက်အား ၎င်းသည် စိတ်ကူးယဉ်မှု သက်သက်သာဖြစ်နေခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ပို၍ ကြမ်းတမ်းသော legalism - သမစိတ္တ တရားဥပဒေအခြေပြု အတွေးအခေါ်ဆိုင်ရာ ပညာရှင့် Han Feizi ကဲ့သို့သောသူများ၏ အတွေးအခေါ်များသည်သာ အင်ပါယာ အုပ်ချုပ်မှုအစစ်အမှန်ကို နားလည်နိုင်ရန် ပို၍ သင့်လျော်ကြောင်း Xu မှ ထပ်ဆင့် အကြံပေးခဲ့သည်။ ၎င်းအကြောင်းသည် စာအုပ်များမီးရှို့ပြီး ပညာရှင်များကို အရှင်လတ်လတ် မြေမြုပ်ခဲ့သော ပထမဆုံးသော Qin အင်ပါယာ မင်းဆိုးမင်းညစ်၏ အုပ်ချုပ်မှုအကြောင်းနှင့် ဆက်စပ်နေသည်။ legalism - သမစိတ္တ တရားဥပဒေအခြေပြုအတွေးအခေါ် သဘောတရား၏ ပင်ရင်းအတွင်း၌ “အကျိုးအမြတ်နှင့် စွမ်းအားအတွက် ရန်လိုတိုက်ခိုက်ကြခြင်း” ဆိုသော ငြီးငွေ့ဖွယ် ထင်ရှားသော အကျွမ်းတဝင်ရှိသော နိုင်ငံရေးခေတ်တစ်ခေတ်၏ သဘောတရား တစ်ခုခု ရှိနေသည်ဟု XU မှ ထုတ်ဖေါ်ပြောကြားခဲ့သည်။ 

ကြောက်ရွံခြင်းကင်းသော Bai မှ အဆိုပြုထားသည်မှာ ကမ္ဘာကို “New Tianxia” အဖြစ် အတန်းအစားများ သတ်မှတ်မည်ဆိုပါက ယဉ်ကျေးသောနိုင်ငံများ နှင့် မယဉ်ကျေးသေးသောနိုင်ငံများ အဖြစ် ခွဲခြားမှု ပါဝင်မည်ဟု ဖြစ်သည်။ တရုတ်သည် ယဉ်ကျေးသော နိုင်ငံဖြစ်သည် ထို့ကြောင့် ကမ္ဘာကြီးအားမည်သို့ လည်ပတ်သင့်သည်ကို ပိုပြောပိုင်ခွင့်ရှိနေသင့်သည် ဟု Bai မှ ပြောကြားထားသည်။ ဤ အဆိုပြု ထင်မြင်ချက်မှာ ကုလသမဂ္ဂ၏ တန်းတူ ကိုယ်စားပြုသဘော နှင့် အံမဝင်ပဲ ဖြစ်နေကြောင်းလဲ မှတ်ချက်ပြုပြောကြားခဲ့သည်။

“ယနေ့tianxia ၏ စံသတ်မှတ်ချက်များသည် လူမှုယဉ်ကျေးမှု တိုးတက်ခြင်းဖြစ်သင့်ပြီး အရိုင်းအစိုင်းများကို လူမှုယဉ်ကျေးမှု တိုးတက်လာအောင် ပြောင်းလဲပေးသင့်ကြောင်း၊ အရိုင်းအစိုင်း နိုင်ငံများကို ပြောင်းလဲနိုင်ရန် ယုံကြည်စိတ်ချမှု ကျွန်နုပ်တို့တွင် ရှိနေရမည်” ဖြစ်သည်ဟု Bai မှ ပြောကြားခဲ့သည်။

ထိုအရာကို Huaxia ၏ လူမှုယဉ်ကျေးမှု တိုးတက်ပြောင်းလဲစေအာင် ပြုလုပ်သော သဘောတရား ဖြင့်ဆောင်ရွက်နိုင်သည်။ ၎င်းသဘောမှာ နယ်နမိတ်များကို ကြော်လွန်ပြီး အကျိုးသက်ရောက်မှု ရှိနေသည်မှာ လူမျိုးကိုအခြေခံသော နယ်မြေသတ်မှတ်မှု ကို ဦးတည်ခြင်းဖြစ်ပြီး တည်နေရာအခြေပြုသော နိုင်ငံနယ်နမိတ်သတ်မှတ်မှု ကိုအခြေမပြုသောကြောင့်ဖြစ်သည်။ “တရုတ်သည် tianxia ၏ အဓိက ဗဟိုတွင် မဖြစ်တည်မှီ ယနေ့တွင် Huaxia အား အဓိက အစီအမံ ဆောင်ရွက်ချက်အဖြစ် ယူမှတ်ကြရမည်” ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။  

Zhao Tingyang မှ ကမ္ဘာအဆင့် tianxiaသည် လုံခြုံရေးကို ဖေါ်ဆောင်ပေးနိုင်ကြောင်း ထောက်ခံပြောဆိုပြီး ဒီမိုကရေစီစံနစ် အစီအစဉ်ဟာ ပရမ်းပတာဖြစ်စဉ်များကို ပေါ်ပေါက်စေနိုင်ကြောင်း ငြင်းခုံဆွေးနွေးခဲ့ပါသည်။33

“ယနေ့ ကမ္ဘာမှာ မစဉ်းစားတတ်လောက်သော အကြမ်းဖက်မှု၊ ဘာသာရေး လှုပ်ရှားမှု နှင့် ယထာဘုတမကျသော အန္တရာယ်များ အမျိုးမျိုးရှိလာနေပြီ ဖြစ်သည်။ သို့ကြောင့် အနာဂါတ်ကမ္ဘာအတွက် အသစ်သော ကမ္ဘာလည်ပါတ်စေမှု စံနစ်တစ်ခု အရေးတစ်ကြီး လိုအပ်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ တစ်ခုတည်းသော လုံခြုံမှုကို အာမခံပေးနိုင်သည့် tianxiaကမ္ဘာ ဖြစ်လာရန်လိုအပ်သည်” ဟု Zhao မှ ရေးသားခဲ့သည်။ 

ဤသို့သော စံနစ်မျိုးမှာ မည်သည့်နိုင်ငံမှ မည်သို့သော အထူး အခွင့်အရေးမျိုးမှ မရှိသလို Zhao မှ “မည်သည့်အရာမှ အပြင်တွင် မကျန်စေရ - nothing left outside” ဟူသော (tianxia wuwai 天下无外)အယူအဆ တွင်ဖေါ်ပြထားသည်။ ထိုအရာသည် ယနေ့ စီစဉ်ထားမှုပုံစံနှင့် ကွဲလွဲနေသည်မှာ ကုလသမဂ္ဂတွင် အထူးအခွင့်အရေး ရှိနေပြီး ထိုအခွင့်အရေးကို အခြားသူ၏ အချုပ်အခြာအာဏာ တည်တန့်စေရန် အသုံးချနေသည်မှာ ကမ္ဘာ့ငွေကြေးအဖြစ် ဒေါ်လာဟာ လွှမ်းမိုးထားပြီး အကြွင်းမဲ့ လူ့အခွင့်အရေး အတွေးအခေါ်မှာ ကုလသမဂ္ဂအတွင်း၌ သန္ဓေတည်နေသည်ဟု ရေးသားထားသည်။

Zhao မှ မည်သူ၏ tianxia သဘောသည် အနာဂါတ်တွင် လွှမ်းမိုးနိုင်မည်ကို တိတိကျကျ မဖေါ်ပြခဲ့သော်လဲ ၎င်းသဘောတရား ပုံစံတစ်မျိုးမျိုး အောင်မြင်ပေါ်ပေါက်လာမည်မှာ သေခြာနေသည်ကို တွေးမှတ်ယူထားသည်။

“အနာဂါတ်တွင် မည်သူ၏ tianxia ပုံစံ ပေါ်လာမည်နည်းဆိုသော မေးခွန်းအတွက်မူ အနာဂါတ်ကို မခန့်မှန်း မတွက်ချက်နိုင်သောကြောင့် အဖြေမရှိကြောင်းနှင့် မေးခွန်းမှာ မည်သူ၏ ကမ္ဘာစံနစ်ဖြစ်သင့်သလဲ ဟုသညမေးသင့်ကြောင်း” ၎င်းမှ ဆက်လက် ရေးသားထားပါသည်။

မည်သူ၏ ဆိုသည်မှာ အမှန်တကယ် ဖြစ်သည်။ တနေ့မှာ ရိုးရာကွန်ဖြူးရှပ် အတွေးအခေါ်ဖြစ်သော evenhandedness - ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိခြင်း ဟူသော “မိုးကောင်းကင်အောက်တွင် အားလုံးအတွက် - all-under-heaven for everyone” (tianxia weigong 天下为公)သည် တိုးပွားနေသော ပဋိပက္ခစေ့ဆော်နေသည့် မညီမမျှ တိုးတက်မှုများ ဖြစ်ပေါ်နေသော ယနေ့ အခြေအနေ အတွက် ရွေးချယ်စရာ ကမ္ဘာလည်ပါတ်မှု စံနစ်တစ်ခု အဖြစ် ဖေါ်ဆောင်နိုင်မည်လား။ ဖြစ်နိုင်ပါသည်။ သို့သော် tianxia ပြီးနောက် tianchao ၏နောက် အကောင်းမွန်ဆုံး စွမ်းအားပုံစံ သို့မဟုတ် သဘော သမစိတ္တ တရားမျှတမှုဥပဒေသမား အမှန်တရား ကွန်ဖြူးရှပ်၏ အကောင်းဆုံးပုံစံ ဖြစ်မည်လား ဟူသော စိတ်ဝင်စားဖွယ်ရာ မေးခွန်းရှိနေပါသည်။

မကြာသေးခင် နှစ်တွေမှာ သမိုင်းဝင် ဆိုရိုးစကား “တရုတ်ကို တိုက်ခိုက်သော မည်သူမဆို မည်မျှပင် ဝေးဝေး သတ်ခံရမည်” (犯我中华者,虽远必诛) သည် တရုတ် အင်တာနက်တွင် ပြန့်နှံ့လာလျှက်ရှိသည်။  

၂၀၁၇ ခုနှစ်မှ Rambo ပုံစံ အာဖရီးကားနိုင်ငံတွင် တရုတ်ဇာတ်ဆောင်များဖြင့် ရိုက်ထားသော ရုပ်ရှင် Wolf Warrior 2 တွင် ဖေါ်ပြခဲ့သော နှစ် ၂၀၀၀ အရွယ်ရှိ ဟန်မင်းဆက်၏ ဆိုရိုးစကား ပြန်လည် ကောက်နှုတ်ချက်မှာ “တရုတ်ကို တိုက်ခိုက်သော မည်သူမဆို မည်မျှပင် ဝေးဝေး သတ်ခံရမည်” (明犯强汉者,虽远必诛)။35

၎င်းသည် လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်မှ ဟန်မင်းဆက်၏ စစ်ရေးစွမ်းရည် အထွတ်အထိပ်ရောက်ချိန် အခါ လူရိုင်း Xiongnu ကို အာရှအတွင်းပိုင်းအထိ နေမြေသစ်များ သိမ်းပိုက်ပြီး လိုက်လံခြေမုန်းချိန်ကို ဖေါ်ကျူးနေသည်။ ထို ဝေါဟာရ ပြန်လည် ဆန်းသစ်လာရခြင်း အကြောင်းရင်းမှာ သမိုင်းတူအဖြစ်အပျက်မှ သင်္ခန်းစာများ ပေးနေသည် ဟူသောအချက် ဖြစ်ကြောင်း ယူဆနိုင်သည်။

၇။ သမိုင်းသည် အနာဂါတ်လား

လူအများသည် တရုတ်မှ သူမတူအောင် ကြီးမားသည့်စွမ်းအား တည်ဆောက်နေမှုကို စောင့်ကြည့်နေကြသည်။ သြစတြေးလျား ဝန်ကြီးချုပ်ဟောင်း Kevin Rudd မှ West Point ရှိ အမေရိကန် စစ်တက္ကသိုလ်တွင် ပြောခဲ့သော မိန့်ခွန်း၌ တရုတ်နှင့် ၎င်း၏ခေါင်းဆောင် Xi Jinping ၏ အင်အားပြောင်းလဲမှုအဆင့်များ နားလည်နိုင်ရန်မှာ သမိုင်းသည် အရေးအကြီးဆုံး အခရာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။37

“တရုတ် သည် အတိတ်ရဲ့ မှတ်ကြောက်များဖြင့် ထင်ရှားစွာတည်ရှိနေပြီး ယှဉ်ပြိုင်မှု ကင်းမဲ့သော အားကောင်းသည့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စက်မှုစွမ်းအား များဖြင့် ပြန်လည်ပုံဖေါ်နေပြီး အနာဂါတ်ကို လွှမ်းမိုးနေသည်” ဟု Mr Rudd မှ ပြောကြားခဲ့သည်။ 

၈။ နိဂုံး 

ယနေ့ သတင်းမှား သတင်းလိမ်များနှင့် အာဏာရှင်များလွှမ်းမိုးမှုတို့ ဖြင့် ရှုပ်ထွေးလုံးလည်နေသော ကမ္ဘာ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် မည်သည့်အဓိပ္ပါယ်ရှိနေသနည်း။ ဒီမိုကရေစီစံနှုန်းကို ဆန့်ကျင်စိန်ခေါ်နေသော တရုတ်ကို မည်ကဲ့သို့ လက်ခံ ထိမ်းချုပ်နိုင်မည်နည်း။

အရင်ဦးဆုံး စိတ်ဓါတ်ကို အသစ်ကပြန်စရန်လိုအပ်သည်။ စံနစ်တို့ပြိုင်ဆိုင်ချိန်တွင် ပြိုင်ဖက်ကို နားလည်ရန်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။ တရုတ် အစိုးရအရာရှိနှင့် ပြောရေးဆိုခွင့်ရှိသူများ ပြောလေ့ရှိသည်မှာ ကမ္ဘာအုပ်ချုပ်စီမံမှု “ပြောင်းလဲခြင်းနှင့် တိုးတက်ခြင်း” ဆိုသော အမှန်တကယ် လုပ်ဆောင်ရန် ရည်ရွယ်သည်ဟု မူမတူ ယှဉ်တွဲနေနိုင်မှု ဝါဒီများမှ ယူဆသင့်သော ပြောဆိုချက်ဖြစ်သည်။ ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ၎င်းတို့ကို ပုံတူ ကူးချမည့် ခေတ်သစ် ဒီမိုကရေစီဖေါ်ဆောင်မှု နှောင့်နှေးနေသော တရုတ်ပြည်ထောင်စု နိုင်ငံအဖြစ် မြင်နေခြင်းကို ရပ်တန့်သင့်ပြီဖြစ်သည်။ ဤအကျိုး အကြောင်းရှိနေသော အယူအဆ သဘောမှာ လျော်ကန်သင့်မြတ်မှု မရှိပဲ အရေးကြီးသော နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် အဟန့်အတားသာ ဖြစ်နေသည်။  

ပါတီမှ အတိတ် အပိုင်းအစများ ဆွဲထုတ်ပြီး အနာဂါတ်ကို တည်ဆောက်နေသည်ကို မြင်နိုင်ပြီဆိုပါက တရုတ် ဖြစ်တည်မှုအမှန် - လူဖြစ်ပြီး တစ်ချိန်တည်းမှာ အာဏာရှင်ဖြစ်နေခြင်း၊ သန်မာပြီး တစ်ချိန်တည်းမှာ ချိနဲ့ခြင်း၊ ကာကွယ်လွန်းပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်လိုနေခြင်း၊ ဒီမိုကရေစီနိုင်ငံများကို အကြီးမားဆုံး စိန်ခေါ်နေသောသူဖြစ်နေခြင်း များကို မြင်တွေ့လာနိုင်မည်ဖြစ်သည်။ တရုတ်မှ tianxia – ဟန်ပန်ကို “လူသားတို့၏ ဓနသဟာယ ဘဝကြမ္မာ” ဟူသော လူမှုတိုးတက်မှုသဘော ဖေါ်ဆောင်လာချိန်မှာ သေခြာစွာနားထောင်ရန်လိုအပ်ပြီး သမိုင်းအခြေအနေ၊ ဖွံ့ဖြိုးမှု ဝေါဟာရသဘော နှင့် အောင်မြင်အောင် အသုံးပြုသော နည်းနိဿယ များကို သေခြာစွာလေ့လာ သုံးသပ်ရန်လိုအပ်ပြီး ပါတီခေါင်းဆောင်များမှ အမှန်တကယ်အသုံးချမည်ဖြစ်ကြောင်း ယူဆ လက်ခံထားရန်လိုအပ်သည်။

ဆက်လက်၍ အဓိပ္ပါယ်ဖွင်ဆိုမှုများဖေါ်ထုတ်ဖို့ ဖိအားပေးရန် လိုအပ်သည်။ ဤနောက်ဆုံး ခက်ခဲသော အချက်မှာ ပါတီမှ တိတိကျကျ အဓိပ္ပါယ်များကို ဖုံးကွယ်ပြီး ယေဘုယျသဘောများဖြင့် နှပ်လွှတ်နေမှု ကို ငြင်းဆန်နိုင်ရန်လိုအပ်နေခြင်းဖြစ်သည်။ သို့သော် ဤသို့သော အသက်ဝင်လှုပ်ရှားနေသည့် အသစ်ဖြစ်သော အဟောင်း၊ အလုံးစုံသော တသမတ် သဘောတရား၊ မျိုးစပ်ထားသော အတွေးအခေါ်စွမ်းအားများကို နားလည်နိုင်လျင် တရုတ်၏ တိုးတက်လာမှုကို ပညာသားပါပါ ထိထိရောက်ရောက် တုံ့ပြန်နိုင်မည်ဖြစ်သည်။

Endnotes

[1] Australian Broadcasting Corporation (ABC): Four Corners, “Power and Influence,” June 5, 2017.

[2] Peter Mattis, “What we talk about when we talk about Chinese Communist Party interference in the public square,” War on the Rocks, March 7, 2018. See also: Joshua Kurlantzick, “Australia, New Zealand Face China’s Influence,” Council on Foreign Relations, December 13, 2017.

[3] “Sharp Power: Rising Authoritarian Influence”: National Endowment for Democracy, December 2017.

[4] United Front Work Department (CCP Central Committee,) est. 1942: http://www.zytzb.gov.cn/tzb2010/index.shtml. See also, Gerry Groot, “The long reach of China’s United Front Work,” November 6, 2017.

[5] Reports: See, Francois Godement and Abigaël Vasselier, “China at the Gates: A new power audit of EU-China Relations”, European Council of Foreign Relations, December 1, 2017. Also: Thorsten Benner, Jan Gaspers, Mareike Ohlberg, Lucrezia Poggetti, Kristin Shi-Kupfer, “Authoritarian Advance: Responding to China’s Growing Political Influence in Europe,” report by MERICS and Global Public Policy Institute, February 2018.

[6] See inter alia, Aihe Wang, “Cosmology and Political Culture in Early China,” Cambridge University Press, 2000 (digital version 2006.)

[7] China Heritage Quarterly, The Heritage of T’ien Hsia, All-Under-Heaven, September 19, 2009 (accessed May 2018): http://www.chinaheritagequarterly.org/editorial.php?issue=019. See also Howard W. French, “Everything Under the Heavens: How the Past Helps Shape China’s Push for Global Power,” March 14, 2017. And Mark Siemons, “Wille zur Welt,” Frankfurter Allgemeine Zeitung, February 3, 2018.

[8] Chan Koon-chung, Zhongguo Tianchao Zhuyi yu Xianggang (China’s Heavenly Doctrine and Hong Kong.) In Chinese, Oxford University Press. Referenced in English by Ho-fung Hung “Three Views of Local Consciousness in Hong Kong”, November 26, 2014.

[9] See Peng Jianying, “The Evolution of the Ancient Jimi policy in China (中国古代羁縻政策的演变) China Social Sciences Press (中国社会科学出版社,) November 1, 2004. Also Liu Tong, “Research into the Jimi Prefectures of the Tang Dynasty,” (唐代羁縻府州研究,) Northwest University Press (西北大学出版社,) September 1998.

[10] Angus Grigg, Nick McKenzie, Australian Financial Review, June 3, 2018: “Chinese aid funded alleged $1 million bribe to former PNG leader, Somare”: https://www.afr.com/news/world/asia/chinese-aid-funded-1-million-bribe-to-former-png-leader-somare-20180603-h10we3

[11] Peter Harrell, Elizabeth Rosenberg and Edoardo Saravalle, “China’s Use of Coercive Economic Measures,” Center for a New American Security, June 11, 2018: https://www.cnas.org/publications/reports/chinas-use-of-coercive-economic-measures

[12] Sigmar Gabriel, Munich Security Conference, February 19, 2018: https://www.bundesregierung.de/Content/DE/Bulletin/2018/02/19-3-bmaa-sicherheitskonferenz.html

[13] See, inter alia, Lian Xiaotong, “The Tradition of the Principle of ‘neiwai youbie,’” Today Media, December 21, 2016 , “内外有别;原则的传统,连小童,来源:今传媒.

[14] Xi Jinping, e.g. The Paper 澎湃新闻, January 30, 2016, “习近平:党政军民学,东西南北中,党是领导一切的,” “Government, military, society and schools; north, south, east and west – the party leads them all.”

[15] Monism: See e.g. “Pluralism and Monism,“ Encyclopedia Britannica: https://www.britannica.com/topic/pluralism-philosophy

[16] Zhang Yi, “Territorial integrity is not a matter of free speech,” Global Times English edition, January 28, 2018: http://www.globaltimes.cn/content/1087001.shtml

[17] Didi Kirsten Tatlow, “China reaches Into the Heart of Europe,” New York Times, January 25, 2018: https://www.nytimes.com/2018/01/25/opinion/china-germany-tech-manufacturing.html

[18] See: ABC, “Malcolm Turnbull declares he will ‘stand up’ for Australia in response to China’s criticism,” December 9, 2017: http://www.abc.net.au/news/2017-12-09/malcolm-turnbull-sayshe-will-stand-up-for-australia/9243274

[19] Ministry of Foreign Affairs, People’s Republic of China, May 22, 2018: http://www.fmprc.gov.cn/web/wjbzhd/t1561277.shtml

[20] Hu Xijin, Twitter: https://twitter.com/HuXijin_GT/status/998875862379315201

[21] Samantha Hoffmann, MERICS China Monitor & Perspectives, “Programming China: The Communist Party’s autonomic approach to managing state security,” December 12, 2017: https://www.merics.org/sites/default/files/2017-12/171212_China_Monitor_44_Programming_China_EN__0.pdf

[22] Xinhua, May 29, 2017: “十八大以来,习近平这样为传统文化代言。” Since the 18th party congress, this is how Xi Jinping has been speaking for traditional culture.”: http://www.xinhuanet.com/politics/2017-05/29/c_1121054808.htm

[23] People’s Daily, September 25, 2014: “一年内三次亲近儒家习近平为何如此强调重拾传统文化,“Getting intimate with Confucianism: Why Xi Jinping has emphasized regaining traditional culture.”: http://cpc.people.com.cn/n/2014/0925/c164113-25731729.html

[24] See, inter alia, CCTV video, “家国天下,” “Family, state, all-under-heaven,” February 18, 2018: http://news.cctv.com/2018/02/18/ARTIL5QOozKMJx6NHrZO475b180218.shtml

[25] Mencius: See, e.g.: https://www.britannica.com/biography/Mencius-Chinese-philosopher

[26] People’s Daily (English): “Xi calls on world political parties to build community with shared future for mankind”, December 2, 2018: http://en.people.cn/n3/2017/1202/c90000-9299676.html. (Chinese version: http://cpc.people.com.cn/n1/2017/1202/c164113-29681457.html)

[27] People’s Daily, “Constructing the ‘commonwealth of shared human destiny’ leading trend of the times,” March 13, 2018. “构建人类命运共同体思想引领时代潮流.”: http://paper.people.com.cn/rmrb/html/2018-03/13/nw.D110000renmrb_20180313_3-07.htm

[28] NPC Observer, esp. Article 36, March 11, 2018. https://npcobserver.com/2018/03/11/translation-2018-amendment-to-the-p-r-c-constitution/

[29] Yuri Pines, “Envisioning eternal empire: Chinese political thought of the Warring States era,” University of Hawaii Press, 2009, referenced by Sarah Allen, “Buried Ideas, Legends of Abdication and Ideal Government in early Chinese Bamboo-Slip Manuscripts,” SUNY Press, 2015.

[30] Chan, ibid.

[31] “A look at Hong Kong and China 20 years after reunification,” Encyclopedia Britannica: https://www.britannica.com/story/a-look-at-hong-kong-and-china-20-years-after-reunification

[32] The Paper, “Three people discuss ‘New Tianxia’ism,’ and the world vision of ‘gentlemen agree to disagree’.” March 22, 2015. 澎湃新闻, “新天下主义三人谈:‘君子和而不同’的世界愿景.”: https://www.thepaper.cn/newsDetail_forward_1313275

[33] Zhao Tingyang, The Paper, “Tianxia comes from China, but the ‘tianxia system’ belongs to the world,” , January 13, 2016. 澎湃新闻,“天下来自中国,但天下体系属于世界.”: https://www.thepaper.cn/newsDetail_forward_1417848

[34] Wolf Warrior 2, directed by Jing Wu, 2017: https://www.imdb.com/title/tt7131870/. For an extract showing scenes and reception in China, see: YouTube: https://www.youtube.com/watch?v=jzo0PW142mY

[35] For the Han dynasty version of the phrase, see (in Chinese): http://www.360doc.com/content/09/0920/14/96467_6212252.shtml

[36] Xiongnu: https://www.britannica.com/topic/Xiongnu

[37] Kevin Rudd, ”Understanding China’s rise under Xi Jinping,” March 5, 2018: http://kevinrudd.com/blog/2018/03/05/kevin-rudd-speaks-to-the-us-military-academy-west-point-understanding-chinas-rise-under-xi-jinping/

မူရင်းလင့်ခ် -- https://www.merics.org/en/china-monitor/cosmological-communism 

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...
Feb 7, 2018 | Blog
Over 80 academics and activists say they are “disturbed” at plans by...