ကြယ်စင်ကြွေတဲ့ ဒို့မန္တလေးရဲ့ နွေဦးတည
        
ကြယ်စင်ကြွေတဲ့ ဒို့မန္တလေးရဲ့ နွေဦးတည
	နာမယ်လေးက မကြယ်စင်
	ဘိုအခေါ် တော့ Ms. Angel
	ဇာတိက ဒို့မန္တလေး
	လူမျိုးက တရုပ်ပေ
	ကိုးကွယ်တော့ မယ်တော်ကွမ်းယင်
	သူချစ်တာက ပြည်မြန်မာ
	မဲပေးခဲ့တော့ NLD ပါ
	CDM က သူယုံကြည်တာ
	ဒီမိုကရေစီအရေး သူ့အသက်စတေး
	ပစ်သတ်တဲ့ခွေးက တပ်လက်ပါးစေ
	ဂူထဲထိ ဝင်ဆွဲတဲ့ စစ်ခွေးတွေ
	လိမ်ခိုင်းတာက ICC ကာချုပ်
	ဪ လူကိုခွေးသတ်ပြီ
	ကြယ်နုနုကို မြေမြှုပ်
	ဒင်းတို့တတွေကို ဒို့အမြစ်ဖြုတ်
	ကြယ်စင်နုကြွေတဲ့ ဒို့မန္တလေးရဲ့ နွေဦးတည။
	ဇာနည်
	၇ မတ်လ ၂၀၂၁
	England







 
   
  