“ငါ၏ ဦးခေါင်းသည် သွေးပြိုက်ပြိုက်နှင့် နီလျက် သို့‌သော် ညွှတ်ကား၊ မညွတ်” My head is bloodied, but unbowed.

နွေဦးတော်လှန်ရေး (သို့) ဒုတိယ ဖက်ဆစ်တော်လှန်ရေး 

My head is bloodied, but unbowed. “ငါ၏ ဦးခေါင်းသည် သွေးပြိုက်ပြိုက်နှင့် နီလျက် 
သို့‌သော် ညွှတ်ကား၊ မညွတ်” 
ဆိုတဲ့ တော်လှန်ရေးကဗျာ တကြောင်း 
ငါတို့၏ တော်လှန်ရေး မီးရှုးတန်ဆောင်။ 

“ ငါတို့ဆိုသည်မှာ မြန်မာပြည်ချက်မြှုပ်၊ (လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းချစ်ပြည်သူ အာလုံးပါဝင်) ဖြစ်သည်။  

သက်တမ်း (၆၀) ထိ သက်ဆိုးရှည်နေဆဲ ရက်စက်၊ ယုတ်မာ ကြမ်းတမ်းဆဲ တပ်မတော်နဲ့ ဖက်ဆစ်ဘီလူး၊ အကြမ်းဖက် ( Terrorist) စစ်ရာဇဝတ်ကောင်၊ Genocide ( ဂျီနိုဆိုက်) ကျူးလွန် သည့် ဗိုလ်ချုပ်ကြီးများဟု အမည်ခံ လူ့တိရိစ္ဆာန်များ- ထိုတိရိစ္ဆာန်များ စနစ်တကျ ထူထောင်ထားသည့် ဖက်ဆစ် အုပ်ချုပ်ရေး စနစ်ဆိုးကြီးကို အမြစ်ဖြုတ်၊ ချေမှုန်းရေသည် ငါတို့အားလုံး၏ သမိုင်းပေးတာဝန်။

ငါတို့သည် ဖက်ဆစ်အကြမ်းဖက် သမားတို့၏ တပ်မတော်ကို ပြည်သူ့တပ်မတော်၊ နိုင်ငံတော် ကာကွယ်ရေး တပ်မတော်ဟု လုံးဝ သဘောမယူ။ လူစိတ်ပျောက်နေသော ပြည်သူကို ကျွန်သဘောက်၊ အုပ်ချုပ်ခံ လူတန်းစားဟု ထင်မြင်ဆက်ဆံသော နိုင်ငံခြား ဖက်ဆစ်တပ်ဟု ဒီနေ့၊ ဒီအချိန်၊ ဒီတော်လှန်ရေးကြီးမှ သတ်မှတ်။

ဒီဖက်ဆစ်တပ်မတော်သည်- ထူထောင်သူ အမျိုးသားခေါင်းဆောင်ကြီး အောင်ဆန်း (သခင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး အောင်ဆန်း) သတ်မှတ်၊ ချမှတ်ပေးခဲ့သော လမ်းစဉ်နှင့် စစ်စည်းကမ်း ကျင့်ဝတ်များကို ကျောခိုင်းပြီး၊ တိုင်းရင်းသူများအား မုဒိန်းကျင့်၊ ရိုဟင်ဂျာများအား ရွာလုံးကျွတ် မီးလောင်တိုက်သွင်း၊ တိုင်းရင်းသားများ၏ မိရိုးဖလာ ယဉ်ကျေးမှုများကို စော်ကား၊ ပြည်နယ်များ၏ အဖိုးတန်မြေပေါ်မြေအောက် သယံဇာတ ရှိရှိသမျှကို မောင်ပိုင်စီး၊ လက်ဝါကြီး အုပ်ပြီး ခိုးဆိုးလုယက်၊ ရဟန်းသံဃာ၊ မော်ဝလီ၊ ခရစ်ယာန်သင်းအုပ်၊ ဂိုဏ်းအုပ်များကို စော်ကား၊ အပြစ်မဲ့ ပြည်သူနှင့် မျိူးဆက်သစ် ရင်သွေးငယ်များကို စစ်လေယာဉ်နှင့် ကောင်းကင်မှ တိုက်ခိုက်၊ စက်သေနတ်နှင့် မြေပြင်မှာပစ်၊ လက်ဖြောင့် တပ်သားများသုံး၍ ဦးနှောက့်အပွင့်သတ် စသည့် စစ်ရာဇဝတ်မှုများ၊ လူသားချင်းလက်နက်အားကိုး၊ ဗြဟ္မစိုတရားမဲ့၊ နှိပ်စက်ခြင်း ပေါင်း အသွင်မျိုးစုံနှင့် သရဲသဘက်၊ စစ်ဖက်ဆစ် အလား စနစ်တကျ ကျုးလွန်နေသော တပ်မတော် အမြည်ခံ- အကြမ်းဖက်အဖွဲ့ ကိုသော်လည်းကောင်း။ 

ထိုအကြမ်းဖက်အဖွဲ့ကြီးကို ဆက်လက်သစ္စာအမိန့်နာခံကာ 

“ကိုယ့်အမေ ကိုယ်ပြန်စော်ကားမည့်” အဖွဲ့သားအားလုံးသည် ငါတို့၏ ပြည်သူမဟုတ်။ 

ဗမာစကားပြော၊ ထမင်းနဲ့ ငါးပိစား၊ ပုဆိုးဝတ်၊ ထဘီဝတ်ပြီး ငါတို့နှင့် ရုပ်လက္ခဏာ အပေါ်ယံကြော် တူသော်ငြားလည်း၊ ငါတို့ မြန်မာပြည်သူလူထုနှင့် တိရိစ္ဆာန်နှင့် တရားရှိလူတို့ ကွာသလို၊ မိုးနဲ့မြေ၊ ဆီနဲ့ရေ ကဲ့သို့ မည်သည့်အခါကမျှ တစ်သားတည်း ပြန်မဖြစ်နိုင်ဟု ငါတို့ ခံယူ ။

စစ်ဖက်ဆစ်၊ စစ်ဘီလူး နှင့် ငါတို့ပြည်သူ သင်ပုန်းခြေမှု၊ ရင်ကြားစေ့မှု၊ ယနေ့မဖြစ်နိုင်၊ အနာဂတ်တွင်လည်း ဖြစ်ဖို့ အလားအလာ လုံးဝမရှိ၊ ငါတို့သည် တိုင်းပြည်ကြီးကို ချစ်မြတ်နိုး၍၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ တရားဓမ္မ၊ မျှတမှု၊ ကြင်နာမှု၊ လူကိုလူလို မြင်မှု၊ လူ့အခွင့်အရေးကို လေးစားမှုတို့ကို ရှေးရှုကျင့်သုံးသော- လူ့ဘောက်သစ်ကြီး တစ်ခုကို စတင်ထူထောင်ပြီ ဖြစ်၍၊ ဘုံရန်သူ ဖက်ဆစ် ခေါင်းဆောင်များ၊ စစ်ဖက်ဆစ် အကြမ်းဖက် တပ်ကို ငါတို့ ၏ အဓိကရန်သူ၊ ပြည်သူအားလုံး၏ အကြီးဆုံး ဆူးညှောင့်ခလုတ်ဟု- ဒီနွေဦးကာလ တော်လှန်ရေးမှ တိုင်းသိပြည်သိ၊ ကမ္ဘာသိကျေညာသည်။ ခံယူသည်။

ကျေညာခဲ့သည် အတိုင်း ( ၅၃) သန်းသော ငါတို့တွေသည် ရှစ်နာရီ သံပုံးတီးပွဲ၊ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖော်ထုတ်မှုများကို ရပ်တန့်သွားစေသည့်တိုင်။ 

ဖက်ဆစ် အကြမ်းဖက်တပ်မတော်ကို စီးပွားရေး၊ လူမှုရေး၊ ရပ်ရွာအုပ်ချုပ်ရေး၊ သာရေး နာရေး၊ ဘာသာရေး နေတဓူဝ လုံးဝအဆက်အဆံ မလုပ်။ မလွဲသာမရှောင်သာ၍ ဓါမိုး၊ လှံမိုး သေနတ်ထောက် ဇွတ်အတင်းဆက်ဆံ ရလျှင်လည်း၊ ဒင်းတို့၏ ဖက်ဆစ်စနစ် ပျက်ဆီးရေး၊ အမြစ်ပြတ်ရေးကိုသာ ရှေ့ရှုသော ဗျူဟာ အမြင်ဖြင့်သာ ငါတို့လုပ်မည်။ 

ဖက်ဆစ်တို့၏ လူမဆန် တရားလက်မဲ့၊ ရက်စက်ယုတ်မာမှု၊ နည်းမျိုးစုံကြောင့် အသက်စွန့်၊ ဘဝပျက်၊ ဦးနှောက်ပေါက်ခဲ့သော ငါတို့၏ တော်လှန်ရေး မျိုးဆက် (၃) ခုကို ဒီနေရာမှ မော်ကွန်းတင်သည်။ 

ငါတို့သည် ပြည်ပမှ အကူအညီ အထောက်အပံ့ ရသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တော်လှန်ရေးသမား အားလုံး၏ မွန်မြတ်သော၊ ရဲရဲတောက်သော အစဉ်အလာအရ မိမိနှာခေါင်းမှ အသက်ရှုသော၊ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ်ထူကိုယ်ထ၊ ဖက်ဆစ်စနစ် ဖျက်ဆီးရေးကို နေ့စဉတစ်နိုင် လုပ်သွားမည်ဟု အဓိဌာန်ပြုပါ၏ 

နွေဦးတော်လှန်ရေး

မုချအောင်မြင်မည်။

ဖက်ဆစ်ရာဇဝတ် ကောင်အစိုးရ နှင့် ဖက်ဆစ်စနစ် မုချ ဥသုံ ဇီဝန် ကြွေရမည်။ 

ငါတို့သည် သရဲသဘက်အလား တပ်မတော်ကို ကမ္ဘာမကြေ၊ ဥဒါန်းမကျေ၊ ဘယ်တော့မှ မမေ့၊ ဘယ်တော့မှ ခွင့်မလွတ်။ 

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...