ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ် အစောင့်အရှောက်နှင့် ပြန်ခွင့်ရရေးအတွက် ဘာလင်းတောင်ဆို

"ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို" 

၂၀၁၈ ဖေဖော်ဝါရီလ (၂၆) ရက်

ဂျူးပြတိုက်တွင် ပြုလုပ်ခဲ့သော မြန်မာဂျီနိုဆိုက်ဆိုင်ရာ ဘာလင်ကွန်ဖရင့် က အောက်ပါတောင်းဆိုချက်ကို ထုတ်ပြန်သည်။

မြန်မာအစိုးရ၏ လက်ရှိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ပတ်သက်၍ ကျွနု်ပ်တို့ အလေးအနက် စိုးရိမ်ပူပန်မိသည်။

ထိုအထဲတွင် မီးလောင်ကျွမ်းထားသော ကျေးရွာ ဒါဇင်များစွာကို ဘူဒိုဇာများနှင့် ထိုးဖျက်နေမှု၊ ရိုဟင်ဂျာနေအိမ်များကို မီးရှို့နေမှု၊ တိုင်းပြည်အတွင်းတွင် ကျန်ရစ်နေခဲ့သော ရိုဟင်ဂျာများပေါ်တွင် မျက်နှာဖုံးကျွတ်သွားသည့် ခြိမ်းခြောက်မှုများ၊ တိုင်းပြည်နှစ်ခုကြား ပိုင်ဆိုင်မှုကင်းမဲ့ဇုန်သို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ၆၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာအထောက်အပံ့ စီးဆင်းမှုကို ဖြတ်တောက်ရန် ဘင်္ဂလားဒေရှ့်အာဏာပိုင်များအား တိုက်တွန်းမှုတို့ ပါဝင်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူသတ်ကွင်းများမှ ကြောက်လန့်တကြားထွက်ပြေးလာသော ရိုဟင်ဂျာများကို နယ်စပ်ဖွင့်ပေးသည့် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို စံနမူနာပြ မေတ္တာပြည့်ဝသည့်၊ လူသားဆန်သည့် လုပ်ရပ်များအတွက် ကျွနု်ပ်တို့ ကျေးဇူးတင်ရှိပါသည်။

လတ်တလောသတ်မှတ်ချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်တွင် ကျရောက်နေသော ဝန်ထုတ်ဝန်ပိုးကို လျှော့ချနိုင်ရန်နှင့် ကုလသမဂ္ဂအေဂျင်စီများမှ လူသားဆန်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းမျာရှိ ရိုဟင်ဂျာများအတွက် လူသားဆန်သောအကူအညီများပမာဏကို သိသိသာသာမြှင့်တင်ရန် အစိုးရများ နှင်း အစိုးရမဟုတ်သော ကူညီသူများကို ကျွနု်ပ်တို့က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။

ခန့်မှန်းခြေ တသန်းခန့်ရှိသော ရိုဟင်ဂျာဒုက္ခသည်များကို အကာအကွယ်အစောင့်အရှောက်ရှိသည့် ဇာတိမြေသို့ အကာအကွယ်အစောင့်အရှောက်ဖြင့် နေရပ်ပြန်ပို့နိုင်ရေးသည် တခုတည်းသော ရေရှည်အတွက်ဖြေရှင်းချက်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ပါသည်။

ဤသည်မှာ မြန်မာပြည်တွင် စစ်တပ်၊ သံဃာ့အဖွဲ့အစည်း၊ သာမန်ပြည်သူများနှင့် ဒီချုပ်အပါအဝင် အရပ်သားပါတီများက ရိုဟင်ဂျာများ၏ မြန်မာပြည်တွင် တည်ရှိမှု၊ ကိုယ်ပိုင်အမှတ်အသားနှင့် သမိုင်ကြောင်းတို့ကို အသိအမှတ်ပြုရန် နှစ်ရှည်လများ ငြင်းဆန်နေချိန်၊ ရိုဟင်ဂျာများ၏ မိမိဘာသာ အုပ်စုအမှတ်အသားပြုလုပ်မှတ်သားခွင့်တို့ကို အလေးမထားချိန်တွင်လည်း ဖြစ်သည်။

လူသိရှင်ကြား ဆွေးနွေးပွဲ နှစ်ခုပြီးသည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဘုံရပ်တည်ချက်တခုမျှ မရနိုင်ခဲ့သည်ကို ကျွနု်ပ်တို့ အထူးပင် စိတိပျက်မိသည်။ ဂျီနိုဆိုက်အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု တနေ့တခြား ပိုမို၍ အသိအမှတ်ပြုခံနေရသည့် အရေးကိစ္စကြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကျိုးဆက်ရှိသည်၊ ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစုံတရာမျှ မချမှတ်နိုင်ခဲ့သေး။ ဤသည်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၆၆၈၀၀၀ ခန့် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြပြီးနောက် ခြောက်လကြာသည်အထိ မြန်မာပြည်၏ တနေ့တခြားဆိုးရွားလာနေသော လူသားဆိုင်ရာ ကပ်ဘေးကြီးအပေါ် ထိရောက်သော အရေးယူမှု တစုံတရာ မချမှတ်နိုင်သေးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအတွက် သူတို့တွင် အိမ်ဟုခေါ်စရာ ကမ္ဘာမြေအစိတ်အပိုင်းတခု ရရှိနိုင်ရေးအတွက် လက်တွေ့ကျသော ရေရှည် ပြဿနာဖြေရှင်းချက်နညး်လမ်းများကို ရှာဖွေမည့် အထူးကွန်ဖရင့်တခုကျင်းပရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါအစိုးရများနှင့် အခြားအမျိုးသားအစိုးရများ (for instance , Turkey)၊ ဒေသတွင်းအဖွဲ့အစည်းများကို ကျွနု်ပ်တို့က တိုက်တွန်းဖိတ်ခေါ်လိုက်ပါသည်။

ဆက်သွယ်ရန် ။ 

ပါမောက္ခ Maria do Mar Castro [email protected]

ထွန်းခင် [email protected]; +44 788 871 4866

ဒေါက်တာဇာနည် [email protected]; +44 771 047 3322

 

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...