ဒေါက်တာဇာနည်နဲ့ အင်တာဗျူး


 

ဗမာ ပြည်သူတွေက ဗုဒ္ဓဘာသာ ဆိုပြီး သိမ်မွေ့တယ်၊ ယဉ်ကျေးတယ် ဆိုတာ ကျွန်တော် လက်ခံတယ်။ ကျွန်တော်လည်း ဗမာလူမျိုး ဗုဒ်္ဒဘာသာ တစ်ယောက်ပဲ။ ဒါပေမယ့် အနှစ်လေးဆယ်လောက် ၀ါဒဖြန့် မှိုင်းတိုက်တာ ဆိုလို့ရှိရင် ကျွန်တော်တို့  ဗုဒ္ဓဘာသာ ကလည်း ဘယ်ခံနိုင်မလဲ။


ဒေါက်တာဇာနည်နဲ့ အင်တာဗျူး
ပြည်သူ့ခေတ်ဂျာနယ်၊ ၃-၆-၁၅။ အချပ်ပို -၁


ပြည်သူ့ခေတ် - ငြိမ်းချမ်းရေးကို လိုလားတဲ့ နော်ဝေနိုင်ငံ အော်စလို မြို့က နိုဘယ်လ် အင်စတီကျုမှာ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ ကွန်ဖရင့် လုပ်တယ်။ အစည်းအဝေး တက်သူတွေထဲမှာ နိုင်ငံတကာက ထင်ရှား တဲ့ လူတွေ၊ နိုဘယ်လ်ဆုရသူတွေ၊ လူ့အခွင့်အရေး တာဝန်ယူကြသူတွေ၊ နော်ဝေ၊ ဆွီဒင်လို စကင်ဒီနေးဗီးယန်းက အစိုးရ တာဝန်ရှိသူတွေ၊ ဒီ အရေးကို လေ့လာနေတဲ့ ပညာရှင်တွေ စသဖြင့် တက်ကြတာတွေ့ရ တယ်။ လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ မလေးရှားက အငြိမ်းစား စစ်ဗိုလ်ချုပ်တောင်ပါတယ်။ ဒါပေမယ့် ပြဿ နာနဲ့ အဓိက သက်ဆိုင်နေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒါမှ မဟုတ်၊ မြန်မာ သံတမန်တွေ၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ တက်တာ မတွေ့ရဘူး။ သူတို့ကို မဖိတ်ဘူးလား။ သူတို့မပါဘဲ ကျင်းပရင် ဒီ ကွန်ဖရင့် ဆုံးဖြတ်ချက်တွေဟာ တဖက်သတ် ဆန်မနေနိုင်ဘူးလား။

မောင်ဇာနည် - အစိုးရဘက်က လူတွေကို ကျွန်တော်ဖိတ်ဖို့  ကြိုးစားတယ်။ပြောမယ်ဆိုရင် သမ်္မတအကြံပေး ဦးကျော်ရင်လှိုင်ဆိုတာ အမေရိကန် ကို ရောက်လာတဲ့ ပထမနှစ်ကတည်းက သူ့ကိုသိတာ။ လက်ရှိ ရခိုင်ပြည် နယ် ၀န်ကြီးချုပ် ကိုမောင်မောင်အုန်းက ကျွန်တော်ကို တော်တော် ချစ်တဲ့ သူငယ်ချင်းရဲ့ အစ်ကို။ ဖိတ်မယ်ဆို ဖိတ်လို့ရတာပေါ့ဗျာ။ နံပါတ်တစ်က လာမှာမဟုတ်ဘူး။ သူတို့က လာမယ့်သူတွေကို ကြည့် လိုက်မယ်။ လာမယ့်သူတွေက ကုလသမဂ်္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ ပြုစုသူ မစ်္စတာ ကင်တာနားတို့၊ ပြောမယ့် သူတွေက ဒက်စမွန်တူးတူးတို့ ဂျော့ဆိုးရော့စ်တို့၊ အဲဒီတော့ မြန်မာ အစိုးရဘက်က လာမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစား သေးတယ်။ နော်ဝေမှာ မြန်မာသံရုံးရှိလား ကျွန်တော်တို့ လိုက်ရှာ တယ်။ ရှိရင် မြန်မာသံအမတ်ကြီးကို ဖိတ်ပါ၊ သံအရာရှိကို ဖိတ်ပါဆို တော့။ ကွန်ဖရင့် ပေါင်းလုပ်တဲ့လူတွေက ဒီနော်ဝေမှာ မြန်မာသံရုံး လုံးဝမရှိဘူး။ ဘယ်သူ့ကိုမှ ဖိတ်လို့မရဘူးတဲ့။ ရခိုင်တိုင်းရင်းသားတွေကို ဘာကြောင့် မဖိတ်တာလဲဆိုတော့ ပြည်သူ့လွှတ်တော်အမတ် ဦးအေး မောင်က အစ ပညာရှင်လုပ်တဲ့ ဦးအေးချမ်း သူတို့ကစပြီး တိုင်းပြည်ကို ဗြောင်လိမ်နေတာဗျာ။ က်္ဘာကြီးကို လိမ်တယ်။ လိမ်တဲ့သူတွေကို ခေါ်လာပြီးတော့ ရိုးရိုးသားသား ဒိုင်ယာလော့ခ်ဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ နံပါတ်သုံးအချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ တွေကြားထဲမှာ ပြဿနာတက်နေလို့ ပြေလည်အောင် ကြားထဲကနေ Mediate လုပ်တယ်ပေါ့နော်။ ဖြန်ဖျေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ကွန်ဖရင့် မဟုတ်ဘူး။ ဒီကွန်ဖရင့်ဟာ ကျွန်တော်အပါအ၀င် ဟားဗတ်တက်္ကသိုလ်မှာပဲ ဖြစ်ဖြစ် လန်ဒန်မှာပဲ ဖြစ်ဖြစ် အောက်စဖို့ဒ် မှာပဲ ဖြစ်ဖြစ် သုတေသနလုပ်တဲ့သူ အများစု၊ နောက်ဆုံး ယူအန်မှာ လုပ်ခဲ့တဲ့ မစ်္စတာ ကင်တာနားလို ပုဂ်္ဂိုလ်တွေက အစ ကျွန်တော်တို့က ဒီမြန်မာပြည်မှာ ရိုဟင်ဂျာတွေ ဒုက်္ခသုက်္ခရောက်တဲ့ရင်းမြစ်ကို လိုက် လိုက်တော့ ကျွန်တော်တို့ ဘာသွားတွေ့လဲဆိုတော့ သူက လူမျိုးတုန်း သတ်တာမဟုတ်ဘူး။ အခေါ်အဝေါ်က မှားနေတယ်။ Genocide ဆိုတာ လူမျိုးတုန်းသတ်တာမဟုတ်ဘူး။လူမျိုးတစ်မျိုး ဘာသာတစ်ခုကို ယုံကြည်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖျက်ဆီးပစ်တာ။ ၁၉၉၄ ခုနှစ် ဧပြီလ ရ၀မ်ဒါနိုင်ငံမှာ လူ ရှစ်သိန်းနဲ့ ကိုးသိန်းကြားကို သုံးလလေးလ အတွင်းမှာ သတ်ပြစ်လိုက်တယ်။ နောက် ကေ်္ဘာဒီးယားနိုင်ငံမှာ ဖြစ် တာလည်း ဒီတိုင်းပဲ။ ၁၉၇၅ နဲ့ ၇၉ ကြား လေးနှစ်နီးနီးကြာတဲ့အခါမှာ ခမာလူမျိုး နှစ်သန်းနီးနီးကို ဒီကွန်မြူနစ်အစိုးရက နည်းမျိုးစုံနဲ့ သတ် လိုက်တာ သေသွားတယ်။ အဲတော့ သန်းနဲ့ချီပြီး သေတာတင် မဟုတ် ဘူး။ ဒီရိုဟင်ဂျာပဲ ခေါ်ခေါ် ဘင်္ဂါလီပဲခေါ်ခေါ် ဒီလူတွေ မြန်မာပြည်မှာ သန်းဂဏန်းနဲ့ ချီပြီးရှိတာကို ထောက်ပြပြီးတော့ လူမျိုးပြုန်းအောင် အမျိုးပြုတ်အောင် သတ်တယ်လို့ဆိုတာ မဟုတ်ပါဘူး။ ဒီမွတ်စ်လင် နိုင်ငံတွေနဲ့ အနောက်နိုင်ငံ သတင်းဌာနတွေက ၀ါဒဖြန့်တာပါလို့ဆိုပြီး ပြည်သူကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် NLD လို နိုင်ငံရေးပါတီကြီး ကပဲဖြစ်ဖြစ် တုံ့ပြန် ပြောဆိုလာတယ်ဆိုရင် Genocide ဆိုတဲ့ အဓိပ်္ပာယ်ကို နားမလည်လို့။ လူ ၂၀ ပဲ သတ်သတ် လူတစ်ထောင်ပဲ သတ်သတ် လူနှစ်သောင်းပဲ သတ်သတ် နှစ်သိန်းပဲ သတ်သတ် နှစ်သန်း ပဲ သတ်သတ်။ ဘယ်လောက်သတ်တယ် ဆိုတဲ့ အရေအတွက်က အဓိက မကျဘူး။ လူတွေကို သွားပြီး ဒုက်္ခပေး တာ။ မုန်းလို့ မဟုတ်ဘူး။ သူတို့ ဥစ်္စာပစ်္စည်းကို လုတာမဟုတ်ဘူး။ ဓားပြ တိုက်တာ မဟုတ်ဘူး။

အဲဒီလူတွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြတယ်။ တချိန်တုန်းက ဦးနုလက်ထက်ကအစ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေး ကောင်စီ လက်ထက်အထိ သူတို့ကို သက်သေအထောက်အထားနဲ့ တိုင်းရင်းသား ပါလို့ အသိအမှတ်ပြုခဲ့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပြီးသား။ အဲတော့ ဒီကိစ်္စမှာ ရိုဟင်ဂျာလို့ ခေါ်နေတာ ခေါ်ချင်လို့ခေါ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က ဆယ်စုနှစ်ကျော်ကျော် ရိုဟင်ဂျာဟာ တိုင်းရင်းသား ပါလို့ သတ်မှတ်ခဲ့တဲ့ အနေအထား၊ အခွင့်အရေးပေးခဲ့တဲ့ အနေအထား၊ ပြည်သူအနေနဲ့ ဆက်ဆံခဲ့တဲ့ အနေအထားပေါ် မူတည်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ဆက်ပြောတာ။ အပြစ်က သူတို့မှာ ရှိတာမဟုတ်ဘူး။ နံပါတ်တစ် တာဝန်ရှိတာက စစ်အစိုးရအဆက်ဆက်၊ ဦးနေ၀င်း
လက်ထက် ၁၉၇၀ ခုနှစ်က အစ ဦးသိန်းစိန် အစိုးရလက်ထက်ထိ၊ အစိုးရ လေးဆက်လောက်က တိုင်းပြည်ကို ညာခဲ့တယ်။

စစ်အစိုးရ အဆက်ဆက် ပြည်သူကို အနှစ်လေးဆယ်လောက် မျက်စိပိတ် နားပိတ်ထားတယ်။ ကျောင်းသုံးစာအုပ်ကိုလည်း သူတို့ ပဲကိုင်တယ်။ မီဒီယာကိုလည်း သူတို့ပဲကိုင်တယ်။ အမှန်တရားပြောတဲ့ မီဒီယာ။ ကိုပါကြီးလိုလူမျိုး။ ပစ်သတ်ခံရတယ်။ နောက် ယူနတီကလူ တွေ၊ မွန်းတည့်နေက လူတွေကို ဖမ်းပြီး ထောင်ချလိုက်တယ်။ ဗမာ ပြည်သူတွေက ဗုဒ်္ဓဘာသာဆိုပြီး သိမ်မွေ့တယ်၊ ယဉ်ကျေးတယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ ကျွန်တော်လည်း ဗမာလူမျိုး ဗုဒ်္ဒဘာသာ တစ်ယောက်ပဲ။ ဒါပေမယ့် အနှစ်လေးဆယ်လောက် ၀ါဒဖြန့် မှိုင်းတိုက် တာ ဆိုလို့ရှိရင် ကျွန်တော်တို့  ဗုဒ်္ဓဘာသာကလည်း ဘယ်ခံနိုင်မလဲ။

အဲဒီလူတွေက ကျွန်တော်တို့ ပြည်သူတွေကို မျက်မှန်စိမ်းတပ် ပေးထားတယ်။ ရိုဟင်ဂျာကိစ်္စမှာ ကျွန်တော်တို့ ပြည်သူတွေက မျက် မှန်စိမ်းတပ်ပြီးတော့ ကြည့်ကြတယ်။ ကြည့်တဲ့အခါကျတော့ အစိမ်း ရောင်ကိုပဲ မြင်ရတယ်။ အဖြူရောင်ဖြစ်နေလည်း အစိမ်းရောင်မြင်တယ်။အ၀ါဖြစ်နေလည်း အစိမ်းရောင် မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာ ပြည်သူတွေက အနှစ်လေးဆယ်လောက် မျက်မှန်စိမ်းတပ်ခံထားရတဲ့ ဘ၀မှာနေခဲ့ရတယ်။ အဲဒီဘ၀က မကျွတ်သေးဘူး။

ကျွန်တော် ဒီရိုဟင်ဂျာကိစ်္စ ဆက်ပြောမယ်။ ရှင်းရှင်းပြောမယ်။ လူပိန်း အတွေးနဲ့ တွေးကြည့်ပါ။ ရိုဟင်ဂျာတွေကို ဒုက်္ခပေးတာ ၂၀၁၂ မှ ပေးတာမဟုတ်ဘူး။ တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေ၀င်း လက်ထက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ နဂါးမင်းစစ်ဆင်ရေးမှာ ဗိုလ်မှူး ချုပ်စိန်လွင် ဦးဆောင်ပြီး “မြေမြို၍ လူမျိုးမပြုန်း၊ လူမြို၍ လူမျိုးပြုန်း မည်” ဆိုတဲ့ ၀ါဒဖြန့် စကားလုံးသုံးပြီး မရိုသေ့စကားနဲ့ ကုလားပေါ့နော်။ ဒီကုလားတွေကို အမျိုးဖြုတ်ဖို့ လုပ်ခဲ့တယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း ဗမာ့တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ ဘာသာပေါင်းစုံပါတယ်။ အဲဒီတပ်က အနှစ် ၇၀ လောက်ကြာတဲ့ ခုချိန်မှာ ထိပ်ပိုင်းမှာ ဗမာ၊ ဗုဒ်္ဓဘာသာလို့ အမည်မခံဘူးဆိုရင် ဘယ်အရာရှိမှ မတက်ဘူး။ ဆိုလိုတာက ဗိုလ်ချုပ် ကြီးနေ၀င်းက လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီးတော့ ပေါ်လစီတွေ ချသွားတယ်ဗျာ။ ၁၉၈၂ နိုင်ငံသားဥပဒေဆိုတာ ဦးနေ၀င်းက လုပ် ချင်တာ လုပ်သွားတာ။ အဲတော့ ဦးနေ၀င်းလို အာဏာရှင်ကြီး ပြဋ္ဌာန်း သွားတဲ့ ဥပဒေကြီးကို ဒီမိုကရေစီခေတ်မှာ ပြည်သူတွေကလည်း စွဲ ကိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အတိုက်အခံပုဂ်္ဂိုလ်ကလည်း ဒီဥပဒေကြီးကိုပဲ စွဲကိုင်တယ်။ ဒီဘုရားသားတော် ဖြစ်တဲ့ သံဃာတွေ ကလည်း ဒီ အာဏာရှင်ကြီး ပြဋ္ဌာန်းသွားတာကိုပဲ လက်စွဲကိုင်တယ်။ ရခိုင် တိုင်းရင်းသားတွေကလည်း ဒါကိုပဲကိုင်တယ်။ အဲတော့ စစ် အစိုးရဘက် တစ်ဖက်ကပဲ မကောင်းဘူး၊ မှားနေတယ်ဆိုရင် ကျွန် တော်တို့က ပြည်သူကို အားကိုးပြီးပြင်ဖို့ မျှော်လင့်ချက်ရှိတယ်။ အခု ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မုန့်လုံးစက်္ကူကပ်ပေါ့ဗျာ။ ပြည်သူက ကောင်းတယ်။ စစ်အာဏာရှင် အစိုးရက ပြည်သူကို အနှစ်လေးဆယ် လောက် မျက်မှန်စိမ်း တပ်ပေးလိုက်တယ်။

အဲဒီပြည်သူက ဒီမိုကရေစီခေတ်မှာ အခွင့်အရေးစရပြီ။ ပြောရေး ဆိုခွင့် ရှိလာပြီဆိုတဲ့ အခါမှာလည်း အဲဒီမျက်မှန်စိမ်းတွေ တပ်ပြီးတော့ ကြည့်တုန်းပဲ။ ဒါကြောင့်မို့လို့ ပြည်သူကလည်း မှားနေတယ်။ အစိုးရ ကလည်း မှားနေတယ်။ ကြားထဲမှာ ဒါကို ဂဃနဏသိတဲ့ ပညာရှင်တွေ ရှိတယ်။ သမိုင်းဆရာတွေ ရှိတယ်။ ရှေ့က လူကြီးသူမတွေရှိတယ်။

ပါလီမန် ဒီမိုကရေစီခေတ်မှာ ဦးနေ၀င်းပြီးရင် ဒုတိယအကြီးဆုံး ဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်အောင်ကြီးလို ပုဂ်္ဂိုလ်က ရိုဟင်ဂျာတွေဟာ ရှမ်းလို၊ ကချင်လို၊ ချင်းလို နယ်စပ် နှစ်ဖက် ခွနေထိုင်တဲ့ တိုင်းရင်းသားတွေပါလို့ ပြောသွားတာကို အခုတက်နေတဲ့ ဦးသိန်းစိန်အစိုးရက မရှိပါဘူးလို့ ပြောတယ်။ ဦးသိန်းစိန်မတိုင်ခင် ဦးခင်ညွှန့်တို့ကလည်း ဒီလိုပဲပြောတယ်။ တကယ်တော့ ဒီစစ်အာဏာ ရှင် အစိုးရက ပြည်သူကို ညာနေတာ။ တခြားကိစ်္စတွေမှာ ဒီအာဏာ ရှင်တွေကို လူလိမ်၊ လူညာ၊ သူခိုး၊ သူဝှက် ခေါင်းဆောင်တွေ ဆိုပြီးလက်ခံထားတယ်။ ဘာဖြစ်လို့ ဒီရိုဟင်ဂျာကိစ်္စမှာ ငါတို့ပြည်သူတွေ ကို ညာနေတာရော မဖြစ်နိုင်ဘူးလားဆိုပြီး မေးခွန်း ဒါ မေးရမှာပေါ့ဗျာ။ပြည်သူက မမေးဘူးဆိုရင်လည်း စာနယ်ဇင်းသမားတွေက မေးရမှာ ပေါ့။ စာနယ်ဇင်းသမားတွေမှာလည်း တာဝန်ရှိတယ်။

အခုကြည့်ပါလား။ မီဒီယာ တချို့မှာ ရိုဟင်ဂျာကို ဘင်္ဂါလီ ဆိုပြီး ဇွတ်အတင်းကြီးခေါ်တာ။ ခင်ဗျားနာမည်က စည်သူအောင်မြင့်။ ကျွန် တော်က ခင်ဗျားနာမည်က ငခွေးဖြစ်တယ်။ ခင်ဗျားက ဆက်ပြောတယ်။ကျွန်တော်က စည်သူအောင်မြင့်ပါ။ နောက်တစ်ခွန်း ပြောမယ်။ ခင်ဗျား ငခွေးလို့ လက်မခံရင် ကျုပ်ထိုးမယ်ဆိုပြီး ခင်ဗျားကို ထိုးတယ်။ ဒါပဲ။ တကယ်တမ်းပြောရရင် စစ်တွေပဲသွားသွား မောင်းတောပဲသွားသွား ဒီရိုဟင်ဂျာ ကလေးတွေကို ကိုယ်သားသမီးချင်း စာနာရမယ်ဗျာ။ လူ သားချင်း စာနာရမယ်။ ကျွန်တော်က ဗမာ၊ ဗုဒ်္ဓဘာသာ၊ ခင်ဗျားက ဖက်ဆစ် ကင်ပေတိုင်ဆိုရင် မင်းက ငပေါဆိုပြီး လက်သည်းခွံခွာတဲ့ အလုပ်လုပ်တယ်။ ကျွန်တော် ဘယ်ခံနိုင်မလဲ။ ဒါကြောင့်မို့ ဒီနေ့မနက် ကွန်ဖရင့်မှာ ဂျော့ဆိုးရော့စ်က သူကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေ မြို့က အောင်မင်္ဂလာ ရပ်ကွက်ကို ရောက်သွားခဲ့တဲ့အကြောင်း၊ အဲဒီမှာ ရိုဟင်ဂျာတွေကို တွေ့ရတာဟာ သူငယ်ငယ် ၁၉၄၄ ၀န်းကျင် နာဇီဂျာမန်တွေ ထူထောင်ထားတဲ့ Ghetto လို့ခေါ်တဲ့ ရပ်ကွက်က ဂျူးတွေနဲ့ ဆင်တူတဲ့အကြောင်း၊ သူကိုယ်တိုင် ဘူဒါပက်စ်က အဲဒီ ဂက်တိုမှာ နေခဲ့ရတာကို ပြန်မြင်ယောင်မိကြောင်း ပြောသွားခဲ့တယ်။

Genocide ဆိုတာ လူသတ်တာတင် မဟုတ်ဘူး။ သတ်္တ၀ါတစ် ကောင်ကို ဒုက်္ခပေးတယ်ဆိုရင် နည်းမျိုးစုံနဲ့ ပေးလို့ရတယ်။ စစ်ထောက် လှမ်းရေးက ပုဂ်္ဂိုလ်တွေ SB က ပုဂ်္ဂိုလ်တွေ ဆိုရင် ညှင်းဆဲတဲ့နည်းတွေ သူတို့ဆီမှာ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိတယ်။ လူတစ်ယောက်ကို ဘယ်လိုညှင်းဆဲမလဲ။ ဘယ်လို ဒုက်္ခရောက်အောင် လုပ်မလဲ။ ဘယ်လို ဦးနှောက်ပျက်အောင် လုပ်မလဲ။ လက်ဖျားနဲ့မတို့ဘဲ ဒီလူတွေ လုပ် တတ်တယ်။ ဒီနည်းနဲ့ ရိုဟင်ဂျာတွေကို သိန်းနဲ့ချီပြီး ဒုက်္ခရောက်အောင် လုပ်နေတာ ဖြစ်တယ်။

ပြည်သူ့ခေတ် - အဲဒီတော့ အခု ဘာဖြစ်နေတယ်ကြားလို့ အခုလို့ Slow Genocide နာမည်တပ်တဲ့အဆင့် ရောက်သွားသလဲ။ ရခိုင်ပြည် နယ်မှာ ဘာဖြစ်နေတယ်လို့ သိထားသလဲ။

မောင်ဇာနည် - နံပါတ် ၁ က ဒီလူတွေကို အစာရေစာ ၀အောင် လင်အောင် စားလို့မရအောင် လုပ်တယ်ဗျာ။ သာမန်ပြည်သူတွေက တစ်နေ့ကို ထမင်းနှစ်နပ် သုံးနပ် စားကြတယ်။ ဒီလူတွေကို ထမင်း စားဖို့အတွက် လွတ်လွတ်လပ်လပ် လယ်စိုက်ဖို့ ခွင့်မပေးဘူး။ ဒီဒုက်္ခ သည် စခန်းထဲမှာ ရှိတဲ့ သူကြတော့လည်း စိုက်ဖို့က ခက်ခဲသွားပြီဗျာ။ သူများ သဒ်္ဒါလို့ လာကျွေးတဲ့အဆင့် အလှူစာလောက်ပဲ စားရတာပေါ့။ နောက် ရွာတွေမှာဆိုရင်လည်း ဟိုဘက်ရွာတွေကို မသွားရဘူးဗျာ။ ကိုယ်က ဒီရွာမှာနေပြီး ဟိုရွာမှာ လယ်စာရင်းငှား သွားအလုပ်မလုပ်ဘူး ဆိုရင် ဗိုက်မှောက်နေရမှာပေါ့။ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး။ ကိုယ်ဝန်ရှိတဲ့သူနဲ့ မိခင်အို၊ ဖခင်အိုကြီးတွေနဲ့ စားစရာမရှိအောင် လုပ် တယ်ဗျာ။ သန့်ရှင်းတဲ့ရေလည်း မသောက်ရဘူး။ နောက် နေမကောင်း ဘူးဆိုရင် မီးနေသည်က အစဗျာ ဆရာဝန်မရှိဘူး။ နောက်ဆုံး ကျွန်တော် တို့လို မွဲတဲ့နိုင်ငံမှာ ရခိုင်ပြည်နယ် စစ်တွေပဲ ကြည့်ကြည့် ရန်ကုန်ပဲ ကြည့်ကြည့် မ်္တလေးပဲကြည့်ကြည့် ဆေးခန်းတွေ အများကြီးရှိတယ်။ပိုက်ဆံတတ်နိုင်တဲ့ သူတွေက သွားလို့ရတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ရှစ်သောင်းလောက် ရှိတဲ့နေရာမှာ ဆရာဝန်တစ်ယောက်ပဲ ရှိတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင် ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်ဖို့တို့ နာ့စ် လုပ်ဖို့တို့ မပြောနဲ့ နောက်ဆုံး ၀မ်းဆွဲတဲ့ အတတ်ပညာကိုတောင် သင်ခွင့်မပေးဘူး။ အစာရေစာကိုလည်း နိုင်ငံတော်အနေနဲ့ လောက် လောက်လားလား မပေးဘူး။ အပြင်က လာတဲ့သူကိုလည်း အမျိုးမျိုး ကန့်သတ်တယ်။ စားစရာမရှိအောင် လုပ်တယ်။ ငတ်သေအောင် လုပ် တယ်။ ဆရာဝန်မရှိဘူး။ ဆေးမရှိဘူး။ ဆေးရုံမရှိဘူး။ လူဆိုတာ အစား အသောက်နဲ့ ရေရှိမှ အသက်ရှင်လို့ရတာ။ ဒါတွေကို ဖြတ်တောက်ဖို့ လုပ်တယ်ဆိုရင် လုပ်တဲ့အစိုးရရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်။အဲဒီဟာက ဒီလူတွေကို ဖြည်းဖြည်းချင်းနဲ့ ညှင်းပြီးသတ်တာ။ ကျွန် တော်က နားစွန်နားဖျား ကြားရုံနဲ့ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး။ သုံးနှစ်တိတိ သုတေသန လုပ်တယ်။ တချို့ ရခိုင်မှာ တာဝန်ကျဖူးတဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းတွေကို စကားပြောဖူးတယ်။ အင်တာ ဗျူးဖူးတယ်။ တပ်မတော် မော်ကွန်းတိုက်ထဲက ထွက်လာတဲ့ စာရွက် စာတမ်းတွေကိုလည်း ဖတ်တယ်။ ဗမာလိုလည်း ဖတ်တယ်။ အင်္ဂလိပ်လို စာရွက်စာတမ်းလည်း ဖတ်တယ်။ နောက်ပြီး ကျွန်တော်နဲ့ တွဲလုပ်တဲ့ သုတေသီ အမျိုးသမီးက မြန်မာပြည်သွားတယ်။ ရခိုင်ကိုလည်း သွား တယ်။ ဘင်္ဂလားဒေ့ရှ်ကိုလည်း သွားတယ်။ ကျွန်တော်တို့ မလေးရှားကို လည်း သွားတယ်။ အဲဒီမှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရိုဟင်ဂျာတွေနဲ့ အင် တာဗျူးလုပ်တယ်။ ဆေးလိပ်မီးနဲ့ ထိုးတယ်။ တုတ်နဲ့ ရိုက်တယ်။ ရိုဟင်ဂျာလို့ ပြောလို့ရှိရင် သွေးထွက်အောင် လက်သီးနဲ့ ထိုးတယ်။ တစ်ယောက် နှစ်ယောက် ပြောတာမဟုတ်ဘူး။ ရာနဲ့ချီပြီး ပြောတာ။ အဲဒါတွေ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ကစ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို တစ်စစီဖြစ်အောင် လုပ်နေတယ်၊Slow Genocide ဆိုပြီး ကျွန်တော် စ ရေးတာ။

ပြည်သူ့ခေတ် - ကောင်းပါပြီ။ ဒီလိုဆို လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းရင် ရမယ်လို့ ထင်သလဲ။

မောင်ဇာနည် - ကျွန်တော်ထင်တာကတော့ ပြည်တွင်းမှာ အဖြေမရှိဘူး။ အာဏာပိုင်တွေဟာ သန်းနဲ့ချီရှိတဲ့ လူ့အဖွဲ့အစည်းကြီးကို ရိုဟင်ဂျာ မရှိပါဘူး ဆိုပြီး က်္ဘာအထိ တက်လိမ်နေတာ။ အိပ်ချင်ယောင် ဆောင်နေသူတွေကို သွားနှိုးနေလို့ အကျိုးမထူး ဘူးလို့ ထင်တယ်။ သူတို့ကို ပြောင်းလဲလာအောင် လုပ်ဖို့ ပြည်တွင်းမှာ အင်အားမရှိဘူး။ နိုင်ငံတကာမှာပဲ အင်အားရှိတာ။ ၁၉၄၉ ခုနှစ် ဦးနု လက်ထက်မှာ ဗမာပြည်က Genocide Convention ကို လက်မှတ် ထိုးခဲ့တယ်။ အဲဒီတော့ ဒီ ကိုယ်ထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတွေကို ဖောက်ဖျက်တယ်။ ပြည်သူကိုလည်း လိမ်တယ်။ ဒီလူတွေက နောင်တရဖို့ အလားအလာ မရှိဘူး။ နောင်တရသည် မရ သည် ခဏထား၊ သူတို့ လုပ်တာကို ကျွန်တော်တို့ ရပ်အောင် လုပ်ရ မယ်။ ရပ်ဖို့က အပြည်ပြည်ဆိုင်ရာမှာ နည်းလမ်းတွေရှိတယ်။ ရိုဟင်ဂျာ တွေကို လူတွေလို ဆက်ဆံပါ၊ လူ့အခွင့်အရေးပေးပါ၊ အသက်ရှင်နေထိုင် စားသောက်နိုင်အောင် လုပ်ကိုင်ခွင့်ပေးပါ၊ ခရီးသွားခွင့် ပေးပါ၊ ပညာ သင်ခွင့်ပေးပါ အစရှိသဖြင့် လုပ်ပေးလာဖို့ အပြည်ပြည်ဆိုင်ရာက ဖိအား ပေးလာအောင် လုပ်ရမယ်။ အဲဒါတွေ မလုပ်ဘူးဆိုရင် မြန်မာပြည်မှာ စီးပွားရေး မလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကမ်ပိန်းတွေလုပ်မယ်။ ခုဆိုရင် ဒီလို ကွန်ဖရင့်မျိုးကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးတဲ့ နိုင်ငံ မှာ ကျင်းပခွင့်ရတယ်။ အဲဒီနိုင်ငံက ဒုနိုင်ငံခြားရေးဝန်ကြီးလာတယ်၊ ၀န်ကြီးချုပ်ဟောင်း တက်တယ်။ ကျွန်တော်တို့ စ ကြိုးစား တာပေါ့ဗျာ။

ဒေါက်တာမောင်ဇာနည်၏ ကိုယ်ရေးအကျဉ်း
MA (California)
PhD (Wisconsin) Visiting Fellow (2011 - 13),
Human Security and Civil Society Research Unit, Department of International Development, LSE (London School of Economics)

Sithu Aung Myint - Facebook စာမျက်နှာမှ ကူးယူ ဖော်ပြသည်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.